ကွန်ကရစ်ခင်းထားတဲ့ လမ်းတစ်လျှောက်
လွယ်အိတ်ကိုတစ်စောင်းလွယ်ကာ baekhyun
လမ်းလျှောက်လာသည်။ခပ်လျော့လျော့ လမ်းလျှောက်ပုံနဲ့ တည်နေတဲ့မျက်နှာထား
သည် ဂရုမစိုက်ခြင်းအနုပညာကို
ညက်ညက်ကြေနေတဲ့အသွင်။မရောက်တာကြာပြီမို့လို့လား မသိဘူး
ကျောင်း၏အငွေ့အသက်က သူနဲ့စိမ်းသလိုလိုပင်။"Baekhyun....ဘာလာလုပ်တာလဲ ''
မျက်နှာချင်းဆိုင်လျှောက်လာသော
အတန်းတူ ကောင်လေး၂ယောက်က
Baekhyun ကိုမယုံနိုင်သလိုမေးလိုက်ခြင်းဖြစ်သည်။" စာလာသင်တာ ''
Baekhyun ဆတ်ခနဲပဲပြန်ဖြေလိုက်သည်။
ဟုတ်တယ်လေ ကျောင်းလာတာ ဘာလုပ်ဖို့လာရမှာလဲ။
မေးလည်းမေးတတ်ကြတယ်" ဟာ..မဟုတ်ဘူးလေကွာ။
မင်းကျောင်းထွက်သွားပြီမဟုတ်ဘူးလား ''Baekhyun မျက်ခုံးပင့်သွားမိသည်။
"ငါလား...''
" အေး..မင်းကျောင်းထွက်သွားပြီဆို''
" ဘယ်သူကပြောတာလဲ..''
"ဆရာမ ပြောတာ။
ဟိုတစ်နေ့ကပဲမင်းအဖေကိုယ်တိုင်
ထွက်စာလာယူသွားတာတဲ့
နိုင်ငံခြားကိုပြောင်းတော့မှာဆို ''ဘာကိုလဲ။ဘာလို့ ကျောင်းထုတ်ရမှာလဲ။
ဘယ်နိုင်ငံက ခြားတာလဲ။Baekhyun ph ကိုထုတ်လိုက်ကာ
ချက်ချင်းလှည့်ထွက်လာခဲ့သည်အရေးထဲ ဖုန်းကမကိုင်သေး။
တီ..
" အဖေ''
" အေး..ဘာလဲ ''
" ကျွန်တော့်ကို ကျောင်းထုတ်လိုက်တာလား ''
" အော်။အေးဟုတ်တယ် ငါပြောဖို့မေ့နေတာ
မင်း တရုတ်ကိုသွားရမယ် ''Baekhyun ခြေလှမ်းတွေရပ်တန့်သွားသည်။
" ဘယ်က တရုတ်လဲ။ ''
" ဘယ်ကတရုတ် ရမှာလဲ။ မင်းကြားဖူးနေတဲ့
တရုတ်နိုင်ငံပေါ့ ''ပေါ့ပျက်ပျက်လေသံနဲ့ အဖေ့ကို baekhyun
ဒေါသထွက်ချင်လာသည်။နည်းနည်းလေးတောင်မတိုင်ပင်ပါပဲ ဒီလိုလုပ်လို့ရတယ်လား။