37

9.1K 1.2K 45
                                    

အဝင်ဝကတည်းက စိတ်ထဲကလေထုသည်
ပုံမှန်မဟုတ်တော့။

ကျယ်လောင်နေတဲ့အသံစူးစူးတွေက နားစည်မှ
လာပြီးလျှင်အသည်းစုံကို
ရိုက်ခတ်တုန်ယင်သွားစေသည်။

Baekhyun သည်သူ့ကိုယ်သူမသိလိုက်ပါပဲ
Chanyeol နားသို့တိုးကပ်မိလိုက်သည်။

" ဘာလို့လဲ..ကြောက်နေပြီလား ''

" ဘယ်သူကလဲ.. သွား..သွားလေ။
ရှေ့က ''

Chanyeol သည်အမှောင်ထဲတွင် baekhyun
သူ့မျက်နှာကိုမမြင်နိုင်မှန်းသိတာမို့ အသံတိတ်ရယ်မိသည်။

Baekhyun ကြောက်နေမည်လို့
သူအတိအကျထင်သည်လေ။

ခြေလှမ်းအနည်းငယ်လမ်းလျှောက်လာပြီးသည့်နောက်
Baekhyun အနည်းငယ် တွန့်ဆုတ်လာလေပြီ

ထို့အတူ chanyeol သည်အရှေ့ကိုမရောက်
ခြေလှမ်းများသည်လိုသည်ထပ်များစွာ
စိပ်ကျဲနေလျက်

" အမေ့! "

ရုတ်တရပ်ဘေးထောင့်နားမှထွက်လာတဲ့
အဖြူရောင်အရုပ်ကြီးတစ်ခုကြောင့်
Chanyeol ၏ကျောနောက်ကို baekhyun
တိုးဝင်မိလိုက်သည်။

သူ့၏စိတ်တို့မထိန်းချုပ်နိုင်တော့။

အထဲသို့ရောက်လာလေလေ။
ပိုပိုကျက်သီးထစရာကောင်းလာသောအသံတွေနှင့်
ရုတ်တရပ်ထလာတတ်သော လူသေလောင်းတွေ။

Baekhyun ၏လက်ဖျားတွေ ထုံကျင်လာလေပြီ။
ဆက်လျှောက်ချင်စိတ်မရှိတော့ပဲ
လာရာလမ်းအတိုင်းပဲ လှည့်၍ပြေးချင်တော့သည်။

မသိချင်ယောင်ဆောင်ပြီး ရှေ့ဆက်သွားမယ်
အားခဲလည်း မှောင်မိုက်နေသောလမ်းထဲ
တစ်ရွေ့ရွေ့ဖြင့် ကျောကချမ်းလာသလိုလို။
အအေးလိုင်းပဲဖြတ်သလိုလို။
ခံစားချက်ကတကယ်မကောင်းလှ။

နေရသည်ပင် အဆင်မပြေတော့တာမို့
စိတ်ကတိုချင်လာပြီ။

Chanyeol သူ့အနားမှာရှိနေသည်ဆိုတဲ့
အသိနဲ့ခံသာနေသည်ကြောင့်နည်းနည်းသက်သာရာရသည်။
သတိရသွားသည်မို့
အရှေ့က chanyeol ကိုbaekhyun
စမ်းကြည့်သည်။

သို့သော် လေဟာနယ်တစ်ခုမှလွဲ၍
ဘာအထိအတွေ့မှမခံစားရ။
chanyeol မရှိတော့တာလား။

Take the way To Love /Season 2/ (Completed) Where stories live. Discover now