ဆူညံနေတဲ့ စားသောက်ဆိုင်ထဲကို
Chanyeol မျက်မှောက်ကျုံ့၍ဝင်လာခဲ့သည်။
စားသောက်ဆိုင် ဟုမဆိုနိုင်။
အရက်ဘားသာဖြစ်ပါသည်။ဆိုင်အတွင်းရှိ အလယ်နေရာလောက်တွင်
ထိုင်နေသော sehun နဲ့ kai တို့ရှိနေသည်။
Chanyeol ကိုမြင်တော့ sehun က
လက်တစ်ဖက်ထောင်ပြလာ၏လွတ်နေသော နေရာတွင်ဝင်ထိုင်လိုက်ရင်း
Chaanyeol အလိုမကျစွာမေးလိုက်သည်။" ဘာဖြစ်လို့ဒီလိုဆိုင်မျိုးကိုခေါ်တာလဲ
ဆူညံနေတာပဲ ''" ငါတို့အတွက်တော့
မထူးဆန်းဘူး။
မင်းရဲ့နားကသာ အသံရွေးနေတာ ''Kai ၏ပြန်ခေါက်သောစကားကို တစ်ချက်သာကြည့်ပြီး
စားပွဲပေါ်မှာ တစ်ခုခုသောက်ဖို့ရှာဖြစ်သည်။
သို့သော် Chanyeol သောက်နိုင်သည့်အရာမရှိ။" မင်းတို့ဟာကလည်း..အကုန်အရက်တွေကြီးပဲလား''
" ဒါကိုအရက်လို့မခေါ်ဘူး
တော်ပါပြီ မင်းနဲ့ငြင်းမနေတော့ဘူး
ဘာသောက်မှာလဲပြော ''မှုန်ကုတ်နေတဲ့ Chanyeol မျက်နှာကြီးကိုကြည့်ပြီး
Sehunနဲ့ kai နှစ်ယောက်လုံးပင်
အီလည်လည်ဖြစ်လာသည်။ဝိတ်တာကိုခေါ်ကာ
ရေတစ်ဘူးမှာပေးတော့ခွက်ထဲတောင်မထည့်ပဲ
မော့ပါလေရော။" ဟေ့ကောင်..ဘာဖြစ်လာတာလဲ ပြော။
ဘာလို့ခေါ်တာလဲ။ မင်းကြည့်ရတာ
သုန်မှုန်နေတာပဲ ''ကုန်စင်သွားသော ရေတစ်ဗူးကို
ရှေ့ကိုပစ်တင်ပြီး
Chanyeol လက်ဖမိုးဖြင့်
သူ့နှုတ်ခမ်းထက်က ရေငွေ့တွေကို
ဖယ်ရှားလိုက်သည်။ပြီးနောက် တစ်ခုခုကိုလေးလေးနက်နက်တွေးနေသည့်
ပုံမျိုးဖြင့် ပြောလာလေသည်။" မင်းတို့ လူတစ်ယောက်နဲ့အိပ်ဖို့ဆိုတာလွယ်လား ''
ထမေးလိုက်တဲ့ စကားကြောင့်
Kai နဲ့ sehun တို့တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်မိသည်။သူတို့အဖွဲ့၏ တရားစောင့်ရသေ့ကြီးထံမှ
ဒီလိုကုတင်ပေါ်ကကိစ္စအကြောင်းကြားရတော့
ကျောတောင်ချမ်းလာသလိုပင်။" ဘာလို့မေးတာလဲ ''
Sehun ၏မေးခွန်းကိုအဖြေမပေးပဲ
နောက်ထပ်ရေတစ်ဗူးကိုဖွင့်ဖို့ပြင်နေတာကြောင့်
အလယ်က kaiက
အမြန်လှမ်းတားလိုက်ရသည်