12

10.5K 1.2K 17
                                    

ကားရပ်လိုက်ပြီး ဒါရိုက်ဘာနောက်ကိုလှည့်ကြည့်စဉ်တွင် chanyeol အိပ်မောကျနေသည်။

အလုပ်ဦးစားပေး သွားခဲ့ရသောခရီးစဉ်တွင် Chanyeol
တကယ်ပင်ပန်းလာခဲ့သည်။
တစ်နေ့ကုန် မတ်တပ်ရပ်ခဲ့ရသည်များလည်းရှိသလို
တစ်နေ့လုံးခေါင်းရှုပ်ခံ စဉ်းစားခဲ့ရသော ပရောဂျက်
အမြောက်အမြားဖြင့် ထမင်းနေ့ညမမှန်။

အိမ်ကထွက်လာခဲ့တာတစ်လ ကျော်ပြီ။
ဒီတစ်လ လုံးတွင် chanyeol နားခဲ့ရသည်မှာ
လက်ချိုးပင် ရည်၍ရသည်။

" သူဋ္ဌေး..ရောက်ပါပြီ ''

Chanyeol စိတ်တို့နိုးသွားသည်။
ဒါပေမယ့် မျက်လုံးတွေကိုဖွင့်၍မရသေး။

" အထဲမှာနားပါလား
ကားထဲမှာ သက်သောင့်သက်သာမရှိဘူးမလား ''

ဒါရိုက်ဘာ၏အသံသည်လည်း မကြားတစ်ဝက်
ကြားတစ်ဝက်။

မှီအိပ်ထားမိသောပြတင်းပေါက်မှ ခွာလိုက်ကာ
ဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်တော့
မတွေ့တာကြာနေသည့် အိမ်ကို
chanyeol မြင်လိုက်ရသည်။

" ရောက်ပြီပဲ ''

" ဟုတ်သူဋ္ဌေး..ကျွန်တော်
ပစ္စည်းတွေအကုန်အထဲပို့ပြီးပါပြီ ''

Chanyeol ခေါင်းငြိမ့်လိုက်သည်။

" အကို ဒီအတောအတွင်းနားလိုက်ပါ
ကျွန်တော်လည်း ရုံးသွားဖြစ်အုန်းမှာမဟုတ်ဘူး  ''

" ဟုတ်ကဲ့ပါ သူဋ္ဌေး ''

ဒါရိုက်ဘာ လည်း chanyeol နဲ့အတူအများကြီးပင်ပန်းခဲ့သည်။chanyeol ၁၃ နှစ်သားအရွယ်ထဲက အတူရှိခဲ့တဲ့
လူတစ်ယောက်မို့ သံယောဇဉ်တစ်ခုလည်းရှိလေသည်။

ထို့ကြောင့် အလုပ်သမားပင်ဖြစ်သော်လည်း
၇နှစ်လောက်ကြီးသည်မို့
Chanyeol အမြဲ အကိုလို့သာ ခေါ်တတ်ပြီး
ဒါရိုက်ဘာ ဟာလည်းရင်းနှီးမှုကို အခွင့်ကောင်းမယူ။
တာဝန်သိတတ်ပြီး chanyeol ကိုအမြဲလေးစားသည်။

ခြံထဲသို့ဝင်လာသည့်အခါ
နည်းနည်းပြောင်းလဲနေတဲ့ အငွေ့အသက်ကို Chanyeol
ရသည်။

အိမ်ပြန်လာရတာ တကယ်ပျော်ပါသည်။
အနည်းငယ်ထွားလာတဲ့ အပင်များ။
နေရာရွေ့ထားတဲ့ ပန်းအိုးများကြောင့်
အနည်းငယ်စိမ်းသက်နေပေမယ့် ငြိမ်းချမ်းသွားစေသည့်
လုံခြုံမှုတစ်ခုကတော့ အိမ်ပြန်ရောက်သည့်လူတိုင်း
ဖြစ်တတ်ကြမြဲပင်။

Take the way To Love /Season 2/ (Completed) Where stories live. Discover now