Chanyeol ကားကိုထိုးရပ်လိုက်သည်။
ကျောမှီထိုင်လိုက်ပြီး
လက်ဖဝါးနဲ့မျက်နှာကိုပွတ်သက်ကာ
အကြိမ်ကြိမ်သက်ပြင်းတွေချမိသည်။ဒီကျောင်းကို လာပြီး
ဒီလိုကိစ္စမျိုးတွေရှင်းနေရတာ။
တစ်ခါ နှစ်ခါပင်မကတော့ပေ။ဟိုတလောက
ကျောင်းထဲမှာဆေးလိပ်ထိုင်သောက်နေတဲ့ကိစ္စ။မသောက်နဲ့လို့ပြောနေတဲ့ ဆရာကို
စကားမများနဲ့ လို့ပြောပြီး
မွှေလိုက်တဲ့ Baekhyun ကြောင့် Chanyeol
တော်တော်ရှင်းယူလိုက်ရသည်။စာမေးပွဲလည်းကျသည်။
ကျောင်းကိုဘယ်တော့မှအချိန်မှန်မရောက်
စာသင်ခန်းတွင်အိပ်နေတာမှစ၍
ယူနီဖောင်းမဝတ်တဲ့ အထိအသေးစိတ်ကို
ကျောင်းက တိုင်တာမို့ Chanyeol
တစ်ယောက်တိုင်တွေပတ်ခဲ့တာ
ချာချာကိုလည်နေခဲ့ပြီးပြီ။အခုလည်း..
အခုလည်း
ရန်ဖြစ်လို့တဲ့ ဖုန်းခေါ်တယ်
မျက်နှာပူစွာလာရပြန်သည်။စိတ်ပျက်သည်။
တကယ်ကို သည်းခံနိုင်စရာမရှိအောင်
စိတ်ကုန်လွန်းလှပြီဖြစ်သည်။နောက်ပြီး
ဘယ်လောက်ပဲ ကောင်းအောင်လိုက်၍လုပ်ပေးပေး။
အကောင်းမြင်ခံရသည်မှမဟုတ်ပဲ။ရုံးခန်းထဲသို့ Chanyeol ဝင်လာတော့
ရင်းနှီးနေတဲ့ ကျောင်းအုပ်ကအပြုံးတစ်ခုနဲ့
မိတ်ဆက်သည်။Chanyeol မချိတင်ကဲသာ
ပြန်ုပြုံးပြလိုက်ပြီး မျက်လုံးထောင့်နားက
ပေါ်နေတဲ့ baekhyun
လှမ်းကြည့်လိုက်သည်။လက်တံတောင်ကို ဆိုဖာကိုမှီကာ
နားထင်နားတွင်ထောက်ထားပြီး
ကျန်တဲ့လက်တစ်ဖက်က ကိုင်ထားသော
မီးခြစ်ကို စိုက်ကြည့်နေသည်။ဘာကိုမှဂရုမစိုက်ဘူးဆိုတဲ့ မျက်နှာထားမျိုးနဲ့ဖြစ်သည်။
မတ်တပ်ရပ်နေတဲ့ Chanyeol ကို
တစ်ချက်လှမ်းကြည့်ပြီး
Baekhyun မျက်နှာပြန်လွဲသွားသည်။
လူစိမ်းတစ်ယောက်ကို
မြင်လိုက်ရသလိုမျက်နှာထားမျိုးနဲ့ဖြစ်သည်။မျိုချလိုက် Chanyeol
မင်းလစ်လျူထားနိုင်လေ။
အကောင်းဆုံးပဲ