34

10.9K 1.5K 125
                                    

ည ၈နာရီသို့ကျော်လွန်လာချိန်တွင်
ပါတီသည် အနည်းငယ်ဆူညံလာသည်။

လူအများစုမှာ ထိုင်နေသောထိုင်ခုံတို့တွင်ရှိမနေတော့။
လေထုနှင့်ကိုက်ညီအောင် ဖွင့်ထားသော
သီချင်းသံနောက်တွင်စည်းချက် ညီစွာမိန်းမောနေကြလျက်။

အရက်ကိုလက်နှင့်မထိသူကတော့
Chanyeol တစ်ယောက်သာရှိပါမည်။

ဘာကြောင့်လဲတော့မသိပေမယ့်
မူးယစ်ဆေးဆိုတာမျိုးကို ဒုစရိုက်အဖြစ်ဟုပင်သတ်မှတ်၍
Chanyeol ရှောင်ဖြစ်သည်။

ကျောင်းသားဘဝ ယောင်္ကျားလေးတို့မည်သည်
မလုပ်ဖူးတာ မရှိစေရာ
သတ်မှတ်ချက်ဖြင့်
အရာအားလုံးလက်တည့်စမ်းရန်
ကြိုးစားကြသော်လည်း chanyeol
တစ်ယောက်သာ ရှောင်ထွက်နေခဲ့ခြင်းပင်။

သူမနှစ်သက်တာကြောင့်လည်း
ပါပါလိမ့်မည်။

ပိုဆိုးသည်က အရက်နံ့ကိုမခံနိုင်တာ။

သူအမုန်းဆုံးဆေးလိပ်နံ့ကတော့
သူ့၏အသည်းတော်ကြောင့် တော်တော်လေးကို
ယဉ်ပါးနေခဲ့ပြီး ဖြစ်သည်။

Baekhyun အကြောင်းစိတ်ထဲရောက်လာတော့
Chanyeol သူ့၏အရှေ့ကိုလှမ်းကြည့်လိုက်လေသည်။

Baekhyun ပုံစံသည်မူမမှန်ချေ။
Chanyeol သည် Baekhyunနဲ့
ခပ်ခွာခွာထိုင်နေသော်လည်း
မျက်လုံးတို့ဟာ baekhyun တစ်နေရာထဲသာ
တပ်စွဲနေသည်မို့။
မူကွဲနေတာကိုသိသည်။

မသိတာက ဘာဖြစ်သွားတာလဲမသိတာ။

သူကြည့်နေတဲ့ တစ်လျှောက်လုံးbaekhyun
gameပဲဆော့နေခဲ့တာပါ။

ခဏ..

ခုနက baekhyun အဖေနှင့်
စကားပြောနေတာတွေ့လိုက်သည်။

တစ်ခုခုများသောက်လိုက်လေသလား

Baekhyun ထိုင်နေသည့်နားကို chanyeol
လျင်မြန်စွာ မတ်တပ်ရပ်၍ကြည့်လိုက်သည်။

တွေ့လိုက်ရပါပြီ ကြမ်းပြင်တွင်လဲကျနေသော
ပုလင်းအချို့

Baekhyun သည် ph ကိုနှုတ်ခမ်းစူပြီး
ပြောင်းပြန်နှိပ်နေသည်။

ပြောင်းပြန်ဆိုသည်ကား အပေါ်အောက်မဟုတ်။
Screen နဲ့နောက်အဖုံးကို မှားကာ
Ph ကိုလက်ညိုးဖြင့် အားရပါးရထိုးနေလေသည်

Take the way To Love /Season 2/ (Completed) Where stories live. Discover now