သီချင်းအေးအေးပျံ့ လွင့်နေတဲ့အိမ်ပြန်လမ်းသည်
ငြိမ့်ညောင်းစွာ တစ်ရွေ့ရွေ့သွားနေသည်။ညနေ၅နာရီလောက်ရှိပြီမို့ ပတ်ဝန်းကျင်သည်
မှောင်ရိပ်သမ်းနေပြီဖြစ်သည်။
ကားလမ်းရှင်းသော လမ်းတစ်လျှောက်သည်
ယခင်ကထက်ပိုပြီးငြိမ်းချမ်းနေသလိုပင်။မီးပွင့်တစ်ခု၏ရှေ့တွင် Chanyeol
ဘရိတ်ကိုဖြည်းဖြည်းအုပ်ကာ
ကားကိုရပ်လိုက်သည်။လက်မှနာရီကို တစ်ချက်ကြည့်ပြီး
ဘေးကိုလှည့်ကြည့်တော့Baekhyun သည်
ကားကူရှင်ကို ခါးနှင့်မှီကာ
ကိုယ်ကျိုးလျက် အိပ်ပျော်နေပြီ။ခေါင်းလေးတစ်ခြမ်းသည် ပြတင်းပေါက်ရှိရာကို
စောင်းနေသေး၍ နှုတ်ခမ်းသေးသေးလေးက
အရှေ့ကိုထော်ထွက်နေလျက်။( အမလေး..အဲ့လိုရုပ်ကြီးပါရှင့်
တစ်စက်မှချစ်ဖို့မကောင်းတဲ့ ရုပ်ကြီးပါ)အသက်ရှုသံဝင်လိုက်ထွက်လိုက် ဖြင့်
နှာခေါင်းလုံးလုံးလေးသည် ဝါဂွမ်းလေးတစ်ခုလို
ဖြူလုံးနေသေးသည်။Chanyeol မျက်လုံးတို့မလွှဲဖယ်နိုင်။
သူ့ကို ယုံပြီးအားရပါးရကိုအိပ်ပြနေတာ။
ဒီလူသည် မျိုချမိသောတံတွေးတို့ အကြိမ်ပေါင်းများစွာ" တီ..တီ ''
အငမ်းလွန်သွားတာမို့ မီးစိမ်းတာကို မသိလိုက်။
အနောက်မှကားတို့ ဆူညံစွာ
အချက်ပေးလေပြီChanyeol သည် ဝါဂွမ်းနု၏အိပ်စက်ခြင်းအလှကို
မျက်နှာမလွှဲချင်လွှဲချင်ဖြင့်သာ
ကားကိုမောင်းထွက်ရသည်။မီးပွိုင့်ကျော်လာသည့်လမ်းတစ်လျှောက်
မျက်လုံးက အရှေ့ကိုမကြည့်နိုင်တော့။
ဘေးနားမှ စူထွက်နေသော
အနီရောင်နှုတ်ခမ်းလွှာကိုသာ
မြည်းချင်စိတ်တို့ ကြီးစိုးလျက်။