အဖေပြန်သွားတဲ့နောက်ပိုင်းမှာ
Baekhyun အခန်းထဲမှ အပြင်မထွက်တာ
တစ်ပတ်လောက် ရှိပြီဖြစ်သည်။အိမ်အကူအဒေါ်ကြီးက အခန်းထဲကို
ထမင်းလာပို့ပေးသည်မို့
အစားအသောက်တော့အဆင်ပြေသည်။အိပ်လိုက်..ထလိုက်..စားလိုက်
Game ဆော့လိုက်..ဒါတွေနဲ့တင် အပြန်ပြန်သံသရာလည်ကာ
အချိန်တွေကုန်လာခဲ့သည်။Chanyeol ဆိုသူကိုလည်း စကားများတဲ့ညကတည်းက
မတွေ့ရတော့တာ။သူအပြင်မထွက်လို့လည်း ပါမည်
အတွေးလွန်နေရင်းက
လက်ထဲမှာဆော့နေဂိမ်းက ရှုံးတော့မည်..မဖြစ်..
တွေးမိရုံရှိသေး Defeat!
ရှုံးသွားပြီ။
Baekhyun ဖုန်းကိုပစ်ချလိုက်ကာ
နောက်ပြန်လှဲချလိုက်သည်။" ငါသွားပြီ ဟေ့ကောင် ''
ဆိုတဲ့ လူငယ်ဆန်တဲ့လေသံနောက်တွင် မျက်ရည်ဝဲခဲ့သော
အဖေ့မျက်လုံးတွေက အခုထိအာရုံထဲမှာစွဲထင်နေသေးသည်။၁ပတ်ကျော်သွားသောအချိန်သည်
တိုတောင်းလွန်းလှပါသည်။
တစ်ညလုံးတွေးပြီး တစ်နေ့လုံးအိပ်ခဲ့သည်နဲ့ပင်
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့သည်။ပြတင်းပေါက်က အိပ်ယာတစ်ခါနိုးလျှင်ညဘက်ဖြစ်နေ
တတ်ပြီး တစ်ခါကျတော့ မနက်ခင်းဖြစ်နေတတ်သည်။အားလုံးအဆင်ပြေတယ်လို့ ထင်နေရပေမယ့်
သူ့စိတ်ရဲ့အလယ်မှာ
ကြီးမားတဲ့အရာတစ်ခုပိတ်ဆို့နေသည်။
ထိုအရာကြောင့် သူစိတ်မကြည်သလို
ထိုအရာကြောင့် အမြဲစိတ်ညစ်နေရတာဖြစ်ပြီး
ထိုအရာက ဘာလဲမသိတာကြောင့်
ပိုပြီးဒေါသထွက်ရခြင်းပင်။ဒါပေမယ့် ထိုအရာက
အဲ့ဒီအိပ်မက်နဲ့ဆိုင်နေတာတော့သူသိသည်။အတွေးတွေကို အဆုံးသတ်ဖို့ရအောင်ထိုးအိပ်သော်လည်း
အိပ်မက်ထဲထိရောက်လာတတ်တဲ့
ထို မငြိမ်သက်ခြင်းတို့ကြောင့် ကြာသည်နှင့်အမျှ
သူရူးတော့မည်ထင်။" ဒေါက်..ဒေါက်..''
တံခါးခေါက်သံ။
ထမင်းလာပို့တယ်နေမည်