52

7.9K 1K 33
                                    

" Baekhyun အဆင်ပြေရဲ့လား..
အများကြီးထိသွားလား ''

Chanyeol
စိုးရိမ်နေသည့်စိတ်က
ကမ္ဘာအပြင်ရောက်တော့မည်

Luhan သည်သူ့လက်ထဲသို့ ရေဗူးတစ်ခုကမ်းပေးလာ၏

" လက်မောင်း နားထိသွားတာ..
အရမ်းကြီးတော့မပြင်းပါဘူး ...စိတ်မပူနဲ့
သူအဆင်ပြေတယ်''

" လက်မောင်းဘယ်နားလဲ..အဆင်ပြေချင်မှပြေမှာ..
ငါ့ရဲ့အားနဲ့ရိုက်ချမိလိုက်တာ ..သူ့ကို ငါကိုယ်တိုင် ''

" chanyeol.. စိတ်လျော့ ..ငါတကယ်ပြောတာ
သူအဆင်ပြေတယ်.. သူကမင်းကိုတောင်စိုးရိမ်နေတာ

လက်သက်သာသွားတာနဲ့
သူပြန်လာခဲ့မယ်လို့မှာလိုက်တယ် ''

မြင်ယောင်လာမိသည်က

ကြမ်းပြင်ပေါ်လဲကျသွားခဲ့တဲ့ Baekhyun.. 
အရှိန်ပြင်းစွာပြုတ်ကျသွားသော ထိုင်ခုံ..

မော့ကြည့်ခဲ့တဲ့မျက်လုံးလေး..

ကျွန်တော့်လိုအရူးကောင်က
အရူးထောင်ပဲသွားနေတာကောင်းမည်ထင်သည်

" မင်းဆေးသောက်ပြီးပြီလား..
ပြီးရင်တစ်ရေးလောက်အိပ်လိုက်ပါလား..

အခုက အရမ်းစိတ်လှုပ်ရှားသွားတဲ့
အခြေအနေကြုံလိုက်ရတာမို့လို့
ပြန်နိုးလာရင် မင်းပြန်ကောင်းရင်ကောင်းလာနိုင်လိမ့်မယ် ''

" baekhyun ရောက်နေရင် ငါ့အနားမှာပဲနေခိုင်းပေး ''

" အေးပါ..
တစ်ခုခုလိုရင် အောက်ထပ်မှာ
သူနာပြုမင် ရှိတယ်
ငါဆေးရုံခဏသွားရမှာမို့လို့ ''

Chanyeol ခေါင်းငြိမ့်ပြတော့ luhan
ထွက်ခွာသွားသည်။

ဘယ်လောက်ပဲအဆင်ပြေပါတယ်ပြောပြော
သူစိတ်မအေးနိုင်။

သူ့ရဲ့အားသည်နည်းသော အားအင်မဟုတ်ပါ

နောက်ပြီးရှိသမျှအားအကုန်သုံးပြီး
ရိုက်ချမိလိုက်တာဖြစ်သည်။

ခေါင်းကိုလက်သီးဆုပ်တွေနဲ့အကြိမ်ကြိမ်ထုကာ
ဖြေလျော့သော်လည်း ဆို့နင့်နေမှုကပျောက်ကင်းမသွား။

ထိခိုက်မိမှာဆိုးလို့ အဝေးဆုံးမှာနေခဲ့ပေမယ့်
ပထမဆုံးအကြိမ်မှာတင် နာကျင်စေခဲ့ပြီ

Take the way To Love /Season 2/ (Completed) Where stories live. Discover now