26

10.3K 1.2K 34
                                    

Chanyeol အလုပ်ကနေပြန်လာတဲ့အခါ
မျက်မှန်ဆိုင်ကိုဝင်ပြီး မှာထားသည့် မျက်မှန်ကို
ယူလိုက်သည်။

Baekhyun ထိခိုက်မှုကြောင့် အိမ်တွင် ၂ပတ်လောက်
အပြင်မထွက်ပဲနေသည်။နေသည့်တစ်လျှောက်လုံးတွင်
တစ်နေ့လုံးဂိမ်းဆော့သည်။အချိန်ပြည့်ဂိမ်းဆော့သည်။
ထမင်းစားချိန်နှင့် အိပ်ချိန်သာ ရှောင်သည်။
တစ်ချိန်လုံးတွင် အဲ့ဒီဂိမ်းကိုသာ
အချိန်ပြည့်ကုန်းဆော့နေတာဖြစ်သည်။

လူငယ်သဘာဝလို့တွေးပြီး Chanyeol
မသိမသာ လွှတ်ပေးထားခဲ့ပေမယ့်
မျက်လုံးတစ်ခုခုထိခိုက်မိသည်ထင်သည်။

သူ့ကိုတော့မပြောပဲ ဦိးလေးကိုသာ
လှမ်းပြောပေမယ့် ဦးလေးနှင့်သူသည် Baekhyun
ကိစ္စအတွက်ဆိုလျှင် အမြဲအဆက်အသွယ်ရှိသည်ပေ။

အရင်ထဲက မျက်လုံးအားနည်းသည်လို့ပြောသည်။
အခုကနေ့မနား ညမနားဆိုတော့
ထိခိုက်တာနည်းနည်းပြင်းသွားပြီထင်သည်။

အိမ်ပြန်ရောက်ချိန်တွင် ဧည့်ခန်း၌
Baekhyun ရှိမနေပေ။
အခန်းထဲမှာထင်သည်

အပေါ်ထပ်သို့တစ်ဖြည်းဖြည်းတတ်လာပြီး
အခန်းတံခါးကိုခေါက်လိုက်သည်။

" ဒေါက်..ဒေါက် ''

" ဝင်ခဲ့ ''

အသံလေးသည်မာ၍ပြတ်သည်။

Chanyeol သူ့အတွေးဖြင့်သူပြုံးပြီး
အခန်းတံခါးကိုဆွဲဖွင့်လိုက်ပေမယ့်
မြင်လိုက်ရတဲ့ Baekhyun ပုံစံကြောင့်
Chanyeol မျက်ခုံးများတွန့်ကွေးသွားမိသည်။

နားကြပ်ကိုနှစ်ဖက်တပ်၍
ကုတင်ပေါ်တွင် ကုပ်နေကာ game ကို
ကုန်းဆော့နေသူ။
ဖုန်းကိုင်ထားသည့်ညာဘက်လက်တွင်
လက်ညိုးနဲ့လက်ခလယ်ကြားမှာ
ဆေးလိပ်တစ်ခုက ရှိနေသေးသည်။

ဘယ်လောက်ပင် သောက်ထားသလဲဆိုတာ
ဝင်ဝင်ချင်းမွှန်ထူနေသည်က သက်သေ။

" မင်း ဘယ်လိုတွေ နေစားနေတာလဲ ''

လေထဲမှ ဆေးလိပ်ငွေ့တွေကို
လက်ဖြင့်ယက်ခါပြီး Chanyeol အလိုမကျစွာပြောမိသည်။ Baekhyun သူ့ကိုမကြည့်သေး။

ကုတင်နားကိုလျှောက်သွားလိုက်ကာ
ကုတင်ဘေးတွင် chanyeol ဝင်ထိုင်လိုက်သည်။

Take the way To Love /Season 2/ (Completed) Where stories live. Discover now