"Baekhyun ရေ..
ဟေ့ကောင်..baekhyun ''" baekhyun..''
" လာပါပြီဆိုဗျာ ''
ဂျင်းကုတ်၏အင်္ကျီလက်ကို
ထိုးထည့်ရင်း မျက်မှောင်ကုတ်လျက်
Baekhyun အိမ်ပေါ်မှဆင်းလာသည်။အဖေသည်လှေကားထောင့်နားတွင်
လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲထည့်၍
စမတ်ကျစွာ မတ်တပ်ရပ်ပြီး baekhyun
ကိုလှမ်းကြည့်နေသည်။" မရပ်မနား...တကယ်ပဲ ''
အလိုမကျစွာ ပြောရင်းဖြင့်
Baekhyun မျက်နှာသည်ပိုပိုသုန်မှုန်လာလေသည်လည်ပင်းနားတွင်ထောင်နေသော
အင်္ကျီကော်လံကို သေသပ်အောင် လုပ်နေရင်းဖြင့်ပင်
အင်္ကျီတောင်သေချာမဝတ်ရဘူးဆိုတဲ့ ဒေါသက
ဖြည်းဖြည်းချင်းဖြစ်တည်လာပြီမကျေနပ်လွန်း၍ ကြည့်လိုက်တော့
အဖေသည် လက်နှစ်ဖက်ကိုပိုက်လျက်
သူ့အားခေါင်းအစ ခြေအဆုံး ကြည့်နေပါသည်။ကြည့်နေရင်းဖြင့် ပြောင်းလဲနေသော
အဖေမျက်နှာပုံသည်တကယ် မနှစ်မြို့စရာ။အတွေးပင်မဆုံးလိုက် နှာခေါင်းရှုံ့ ကာ
ပြောပါတော့သည်။" မင်း အဲ့လိုဟာတွေမဝတ်လို့မရဘူးလား
ညစာစားပွဲလို့ဘယ်နှခါပြောရမှာလဲ ''" ဘာဝတ်ထားလို့လဲ ''
ခပ်အေးအေးပဲ ပြန်မေးလိုက်တဲ့ baekhyun ကို
အဖေက စိတ်အပျက်ဆုံးပုံစံဖြင့်" အဲ့ဒီ ဂျင်း.. တော်ပါပြီ ထားလိုက်တော့
မင်းပြီးပြီမလား သွားမယ် ''သူ့ဘာသာသူ စကားကိုအဆုံးသတ်ပြီး
လှည့်ထွက်သွားလေသည်။ဘောင်းဘီအိတ်ထဲထည့်ခဲ့သော နာရီကိုထုတ်ကာ
လက်တွင်ပတ်လိုက်ရင်းဖြင့်
အဖေ့၏နောက်သို့ Baekhyun လိုက်လာခဲ့သည်။ဒီနေ့က အဖေ့မွေးနေ့ဖြစ်သည်။
ပါတီသဘောမျိုးဖြင့် သူ့၏မိတ်ဆွေအနည်းငယ်နဲ့
ညစာထားဖို့စီစဉ်ထားကြတာသူ့စိတ်အထင်တော့ Chanyeol
လည်းလာမည်ထင်ပါပေ့Chanyeol စိတ်ထဲရောက်လာသည့်အခါတွင်တော့
Baekhyun ချက်ချင်းပြုံးမိပါသည်။