23

10.2K 1.2K 13
                                    

နားကြပ်တပ်ထားသည့်
သီချင်းသံကြားမှပေါက်ကွဲဝင်လာတဲ့
ဝေဝေဝါးဝါးအသံတွေ။

Baekhyun ခြေလှမ်းတွေကိုရပ်ကာ
ဘေးကိုလှည့်ကြည့်လိုက်သည်။

ကျောင်းသား ကျောင်းသူအချို့နဲ့ ဆရာများက
Baekhyun ကိုကြည့်ရင်း တစ်ခုခုကို
အော်ပြောနေပုံပေါ်သည်။

အသံများဆူညံနေသည်ကို Baekhyun
ကြားနေရသော်လည်း သူတို့ဘာတွေပြောနေကြလည်း
baekhyun မသဲကွဲပါ။

ထိုလူများ၏လက်တွေက baekhyun အား
ဖယ်လို့ပြောတဲ့ ပုံစံမျိုးတွေခါယမ်းပြနေသည်။

ဘာလို့လဲ။

ပြေးလို့ပြောနေကြတာထင်သည်

ဘာကြောင့်လဲ။ Baekhyun တွေးရင်းဖြင့်
အပေါ်ကို မော့ကြည့်လိုက်သည်။

မြင်လိုက်ရသည်က အရှိန်ဖြင့်သူ့ဆီသို့ထိုးဆင်းလာသော
အဖြူရောင် မီးဆိုင်းကိုတစ်ခုပဲဖြစ်သည်။

.....

.....

" hello''

chanyeol ဖုန်းကို ပုခုံးနဲ့မျက်နှာကြားတွင်
ကပ်ပြီး ကိုင်လိုက်ကာလက်ထဲက
စာရွက်ကိုဖတ်နေသည်။

ခရီးတွင်သွားခဲ့သော ပရောဂျက်အတွက်
စတင်ပြင်ဆင်နေရချိန်ဖြစ်သဖြင့်
အိမ်မပြန်တာပင် ရက်အတော်ကြာနေပြီဖြစ်သည်။

Baekhyun နှင့်မတွေ့တာလည်း
၁ပတ်နီးပါးကျော်ခဲ့ပြီ။

Chanyeol ဖုန်းဆက်ရန်ကြိုးစားပါသည်။
ဒါပေမယ့် hello ဆိုသည့်နောက်တွင်
ဆက်ပြောရမည့်စကားတို့ကို စဉ်းစားရင်းဖြင့်
ပြန်၍ချမိသည်မှာ အကြိမ်ပေါင်းမနည်း။

နောက်တွင်တော့ အိမ်အခြေအနေကို
အန်တီကိုသာ ဖုန်းဆက်မေးရင်းဖြင့် 
Baekhyun ဘာတွေလုပ်နေလဲ သိရသည်။

" park chanyeol လားမသိဘူးခင်ဗျာ''

" ဟုတ်ပါတယ် ''

စာလုံးပေါင်းအမှားတစ်ခုကို Chanyeol
မှင်နီတစ်ခုဖြင့်ဝိုင်းလိုက်ကာ
ဘေးကထိုင်ခုံအပေါ်ပစ်ချလိုက်ပြီး
နောက်ထပ် ဖိုင်တွဲတစ်ခုကို ဖွင့်လိုက်သည်။

အခုထိသူရှာနေသည့်အချက်အလက်ကို မတွေ့သေး။

" .....ကျောင်းက ဆက်တာပါ။
Byunbaekhyun ကျောင်းမှာ
ဒဏ်ရာရပြီး ထိခိုက်တာနည်းနည်း
ပြင်းထန်သွားလို့ပါ ''

Take the way To Love /Season 2/ (Completed) Where stories live. Discover now