Chapter-2(Zawgyi)

15.8K 672 2
                                        

ရှင်းသန့်​ နာရီကို ကြည့်​လိုက်​​တော့ ​ကျောင်း​တောင်
ပြန်​တက်​​တော့မည်

ကျောင်းလွှတ်​ထဲက ထမင်းမြန်​မြန်​စားပြီး စာပဲထိုင်​လုပ်​ခဲ့တာ အိမ်​စာများပင်​ အ​တော်​ပြီးသွား​ပြီ

ငယ်​ငယ်​ထဲက မိဘများကွဲသွားပြီးသည့်​​နောက်​ သူ
၏ အ​မေဖြစ်​သူမှာသူ့ကို သူ၏ အမဖြစ်​သူ ​ဒေါ်​လေး
မေ​မေတင်​ နှင့်​သာ ထားခဲ့ပြီး ​ပျောက်​ချင်းမလှ ​ပျောက်​သွားခဲ့သည်

လေးငါးနှစ်​ ​လောက်​မှ တစ်​ကြိမ်​​လောက်​​ပေါ်လာပြီး
မုန့်​ဖိုးဆို​သော ပိုက်​ဆံများ​ပေးကာ အ​မေဟူ​သော
ဂုဏ်​ပုဒ်​ကို သုံး​နေသူအား ရှင်းသန့် ဂရုမစိုက်

သူ့ရင်​ထဲတွင်​ မိဘများမှာ ​သေဆုံးသွားခဲ့​ပြီဟုသာ
စိတ်​ထဲ မှတ်​ယူထားသည်

ထို့ပြင်​ အိမ်​​ထောင်​မပြုဘဲ သူငယ်​စဉ်​ကပင်
လို​လေ​သေးမရှိ ​စောင့်​​ရှောက်​​ပေးခဲ့​သော ​ဒေါ်​လေး​မေ အားလဲ ​ကျေးဇူးတင်​မိသည်

ထို့​ကြောင့်​ သူ့ဘ၀တွင်​ ငယ်စဉ်ကပင် ​​​စာကိုသာကြိုးစားခဲ့သည်

ဆရာဝန်​ တစ်​​ယောက်​ဖြစ်​မှ ​ဒေါ်​လေး​မေအား ပြန်​​ကျေးဇူးဆပ်​​တော့မည်​ဟု ​တေးမှတ်​ထားခဲ့သည်

ထို့​ကြောင့်​လဲ ဆယ်​တန်းသို့ ​ရောက်​​သောအခါ စာကိုပို၍ ကြိုးစားမိသည်

ဤ ဘ၀တစ်​ဆစ်​ချိုးဟူ​သော ဆယ်​တန်းကြီးကို အမှတ်​ ​ကောင်း​ကောင်းရမှသာ သူရည်​မှန်းထား​သော
ဆေးတက္ကသိုလ်​သို့ တက်​ခွင့်​ရမည်​ ဖြစ်​​ပေသည်

သူ့​ခေါင်းထဲတွင်​ စာကလွဲ၍ မည်​သည့်​အရာမှ မရှိ

"​တောင်​ ​တောင်​​ ​တောင်​"

"ဟဲ့ နင်​တို့နှစ်​​ယောက်​ ဘယ်​သွား​နေတာလဲ"

အတန်းထဲသို့ ခပ်​သုတ်​သုတ်​၀င်​လာ​သော
ကျွန်​​တော်​တို့ နှစ်​​ယောက်​အား ဟိုငနာမ​လေး နှစ်
ယောက်​မှ ဆီးကြို​မေးလိုက်​ခြင်းဖြစ်​သည်

"ငါတို့ဟာ ငါတို့ ဘယ်​သွားသွား​ပေါ့ နင်​တို့ အပူပါ
လို့လား"

Butterfly(Completed)Where stories live. Discover now