"ဟင်း~~ဟင်း~~ဟင်း"~~ဟမ် ငါကိုယ်တွေပူနေပါလား~~
ညနေကျောင်းကပြန်လာတုန်းက ခေါင်းကိုက်နေ
သည်နှင့် အိပ်ရာပေါ် ခနလှဲနေလိုက်တာ အိပ်ပျော်
သွားသည်ထင်သည်~~အခုပြန်နိုးလာတော့ ကိုယ်တွေပူနေခြင်း ဖြစ်သည်~
သူက ငယ်ငယ်တည်းက ကျန်းမာရေးချူချာ သူတစ်
ယောက်မို့ ကိုယ်ပူ ဖျားနာတာလောက်က သူ့အ
တွက် အဆန်းမဟုတ်တော့~~သို့သော် ဒီနေ့မှမေမေကလည်း ပြင်ဦးလွင်ကို အလုပ်ကိစ္စနဲ့ ပြန်သွားတာ မနက်ဖန်လောက်မှ ပြန်ရောက်မည်~~~
အခုလို မေမေ ပြင်ဦးလွင် သွားရသည့် ရက်
တွေ ဆိုလျှင် သူနဲ့ ခြံစောင့် ဦးလေးသာအောင် တို့
လင်မယားသာ ကျန်ခဲ့သည်~~~~သေတာပဲကွာ~~
လူကတော့ အိပ်ရာပေါ်ကတောင် မထနိုင်~~
ခနနေတော့ မျက်လုံးတွေ ေ၀ဝါးလာကာ လောက
ကြီးနှင့် ခနတာမျှ အဆက်အသွယ် ပြတ်သွားခဲ့
သည်~~"လင်းလေး"
~~ဟင် ဒါကိုကို့အသံပဲ~~
နှစ်တွေ ကြာခဲ့သည်တိုင် သူ ကိုကို့အသံကိုတော့ မှတ်မိပါသေးသည်~~
"ကိုကို~~ကိုကိုလားဟင်"
ခနကြာတော့ သူ့အရှေ့ကို ကောင်လေးတစ်
ယောက် ရောက်လာသည်~~ပုံစံမှာ ကိုးနှစ် ဆယ်နှစ်သားလောက်တော့ရှိမည်~~
ဆွယ်တာ အစင်း လက်ရှည်လေးနဲ့ style
ဘောင်းဘီ အနက်ရောင် လေးကို ကျကျနန ၀တ်ထားသည်~~လက်နှစ်ဖက်ကိုလဲ ဘောင်းဘီအိတ်ထဲထည့်ကာ သူ့ဆီ တစ်လှမ်းချင်း လျှောက်လာနေသော
ကောင်လေးတစ်ယောက်~~~သူနားရောက်လာတော့ မျက်နှာလေးကို သေချာ
ကြည့်လိုက်မိသည်"ဟမ် ကို~~ကိုကို"
ဟုတ်ပါသည်! သူအရမ်းချစ်ခဲ့ရသော သူ့ကိုကို
လင်းလက်သူရ ပင်~~~
YOU ARE READING
Butterfly(Completed)
Фэнтези💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...