ထိုနေ့က ဆုလဲ့ကို ကျွန်တော်နဲ့မြတ်မင်း
အာပေါက်အောင် ပြောပြီး ပြန်ခေါ်ခဲ့ရသည်
ဒါတောင်မနည်း ဖျောင်းဖျပြောခဲ့ရသည်"အဲ့ကောင်မနဲ့ စာရင်းသွားရှင်းမယ်"ဟုသာ ပါးစပ်က
တတွတ်တွတ် ပြောနေသောသောကြောင့်
နောက်ဆုံးတော့ စာမေးပွဲနှင့်ကိုင်ပေါက်ခဲ့ရသည်
ဟုတ်သည် နှစ်ဝက်စာမေးပွဲမှာလည်း မကြာခင်ဖြေ
တော့မည် ဖြစ်သည် ကျွန်တော့်အနေနှင့်လည်း
ဆုလဲ့ကို စာမေးပွဲ မဖြေခင် ပြသနာတစ်စုံတစ်ရာ
မဖြစ်စေလိုပေ***********
ကျွန်တော်အခုတလော ကို့ကိုကိုယ်
သတိထားမိသည်ကိုရှင်းသန့် စာသင်လျှင် စာကိုစိတ်မ၀င်စား
အကြည့်တွေက စာအုပ်ပေါ်ကိုမရောက်
ကိုရှင်းသန့် မျက်နှာပေါ်ကိုသာ ရောက်ရောက်
သွားတတ်သည်မို့ မနည်းစိတ်ကို ပြန်စုစည်းထား
ရသည်တစ်ခါတစ်လေ ကိုရှင်းသန့်နှင့် အကြည့်
ခြင်းဆုံသည့်အခါ ရင်ထဲတွင် ဗလောင်ဆူကာ
သံစုံတီးဝိုင်းများက တီးခတ်သွားသယောင်ကျွန်တော်ကိုယ်တိုင်လဲ ကို့ကိုယ်ကို နားမလည်
ကိုရှင်းသန့် ကျွန်တော့်ကိုဂရုစိုက်ပေးသည့်အခါ
ပျော်မိသည်ကိုရှင်းသန့်နှင့် အတူတူ ရှိနေသည့်အချိန်ဆို သူအရာအားလုံးကို မေ့နေတတ်သည်
ဒီခံစားချက်ကြီးကို လွန်ခဲ့သော တစ်ပတ်ကျော်
လောက်ကမှ သိသိသာသာကြီး သတိထားမိခဲ့ခြင်း
ဖြစ်သည်ကျွန်တော် ကိုရှင်းသန့်အပေါ် ဘယ်လို သဘောထားတာလဲဆိုတာကို ညတိုင်း ကိုယ့်ကိုကိုယ်
ပြန်မေးမိသည်ဆရာတစ်ယောက်အနေနဲ့ ခင်တွယ်မိတာလား......
အကိုတစ်ယောက်အနေနဲ့ သံယောဇဉ် ဖြစ်မိတာလား......
ဒါမှမဟုတ်.........
အဲ့လို ပြန်ဆန်းစစ်တိုင်လည်း ခေါင်းတွေသာ ထူပူ
လာသည်
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...