Part-20(Unicode)

2.8K 164 0
                                    

"Aww သူငယ်​ချင်​း​တွေ​ကော ​ရောက်​​နေကြတာလား
sorry ​နော်​ ​နှောက်​ယှက်​သလိုဖြစ်​သွားမိလို့
"ရဲ" ​ရော့ဖိတ်​စာ
ငါဆယ်​တန်​း​အောင်​တဲ့ အထိမ်​းအမှတ်​အ​နေနဲ့
ငါ့ Daddyက ဂုဏ်​ပြု ညစာစားပွဲလုပ်​​ပေးမလို့ဟ
နင်​လာမယ်​မလားဟင်​"

​ပြောပြီး လက်​ထဲကဖိတ်​စာကို ကမ်​း​ပေး​နေ​သော
ဆူးခက်​နွယ်​

"Aww အင်​း လာမယ်​​လေ"

"Ok အာ့ဆို ငါ​စောင်​့​နေမယ်​​နော်​ Bye Byeသွားပြီ"

ဆူးခက်​နွယ်​ထွက်​သွား​တော့ ဟိုသုံး​ယောက်​
အကြည်​့​တွေက သူ ့ဘက်​လှည်​့လာကြသည်​

"ဘာလဲဟ ငါတို့လဲ ရှိ​နေတာကို ငါတို့ကိုကျ
မဖိတ်​သွားဘူး"

"​အေး​လေ ​​အောင်​​တာ​တောင်​ D တစ်​လုံးမှမပါဘဲ
နဲ့များဟယ်​ ​​စောက်​ကြီး​စောက်​ကျယ်​​တွေ သိပ်​လုပ်​
တာပဲ ပြီး​တော့ ​ခေါ်သွားတာကလဲ ဘာတဲ့
"ရဲ"တဲ့ အမ​လေး ​အော်​​အော့​တွေ ဟွန်​း"

​မျက်​နှာကြီး​တွေ မဲ့ရွဲ့ပြီး​ပြော​နေကြတဲ့ ​ရွှေရည်​နဲ့
ဆုလဲ့ကိုကြည်​့ပြီး သူပြုံးမိသည်​

"နင်​တို့က​လေ သူများသားသမီးကိုဆို သိပ်​ပြီး
မှိုချိုးမျစ်​ချိုး​ပြောတာပဲ
ဘာလဲ သူကနင်​တို့ထက်​လှလို့ မနာလိုဖြစ်​​နေတာ
မလား ဟင်​းဟင်​း"

"အ​ရေးထဲ နှာဘူး​ကောင်​ မြတ်​မင်​းကတစ်​မျိုး
​လူ​လေး​ယောက်​ရှိတာ​တောင်​ ငါတို့ကိုဖယ်​ပြီး
ရဲမာန်​ တစ်​​ယောက်​ထဲ ​ရွေးဖိတ်​သွားလို့ ​ပြော​နေတာဟဲ့ အ​ကောင်​စုတ်​ရဲ့"

ဆုလဲ့ပြန်​​ဟောက်​လိုက်​မှပဲ မြတ်​မင်​းငြိမ်​ကျသွား
သည်​

"​တော်​ကြပါ​တော့ဟာ အာ့ဆိုလဲ ငါ့အစားနင်​တို့ပဲ
သွား​ပေးလိုက်​ကြ​တော့​ ​ရော့ ဒီမှာဖိတ်​စာ"

"အမ​လေး မသွားချင်​ပါဘူး
လာဖိတ်​ရင်​​တောင်​ ငြင်​းမလို့ဟာကို ဟွန်​း"

"အဲ့ဒါပဲ​လေ ဆုလဲ့ရဲ့ နင်​တို့​တောင်​မသွားချင်​တာ
သူက​ကော နင်​တို့ကိုဖိတ်​ချင်​ပါ့မလား
ပြီး​တော့ ​ရွှေရည်​နဲ့လဲ ပြသနာတက်​ထား​သေးတယ်​
မဟုတ်​လား"

Butterfly(Completed)Where stories live. Discover now