ဆေးရုံရဲ့ Emergency အခန်းထဲမှာ အမြန်နှုန်းနဲ့
သွားနေသော ဘီးတပ်ယာဉ်တစ်ခု~~~~ဘေးကနေ ပြာယာခတ်နေကြတဲ့ ဆရာဝန်နဲ့ nurse မများ~~~
"ဆရာမ လူနာက သွေးထွက်လွန်နေတာမို့
သွေးသွင်းဖို့ အဆင်သင့်လုပ်ထားပါ""ဟုတ်"
"ဆရာမက နှလုံးခုန်စက်အဆင်သင့်ပြင်ထားပါ"
"ဟုတ်"
"သားလေး! သားလေး! သတိထားဦးလေ
အားတင်းထားနော် သားလေး!
ဟင့်~~သားလေးရယ်"သားဖြစ်သူကိုတင်သွားတဲ့ ဘီးတပ်ကုတင်နောက်က
လိုက်ရင်း မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့ ဒေါ်ရွက်ဝါ"စိတ်မပူနဲ့ အန်တီရယ် လင်းလေးဘာမှဖြစ်မှာ
မဟုတ်ပါဘူး~~နော်~~ဟင့်~~"ဒေါ်ရွက်ဝါကို ဘေးကနေတွဲထားပြီး အားပေးနေ
ရသော်လည်း ကိုယ်တိုင်က ရှိုက်သံပါနေတဲ့
ဖြူ စင်လွန်း~~"လူနာရှင်တွေ အခန်းထဲလိုက်ဝင်လို့မရပါဘူး
အပြင်မှာပဲ နေခဲ့ပေးပါ"nurse မလေးကပြောပြီး အခန်းတံခါးပိတ်သွားသည်
ဖြူ စင်လွန်းရင်ထဲ မီးစနဲ့ထိုးသလိုပူလောင်လျက်~~
အန်တီရွက်ဝါဆိုရင်တော့ ပြောဖို့တောင်လိုတော့
မယ်မထင်~~~~~အရှင်ဘုရား ကလေးတစ်ယောက်လိုဖြူ စင်ပြီး
စိတ်ကောင်းရှိတဲ့ တပည့်တော်မောင်လေး
ဘာမှမဖြစ်ပါစေနဲ့ဘုရား~~~~နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်
ကူညီပေးကြပါ~~ပါးစပ်မှလည်း ရသမျှဘုရားစာတွေကို ရွတ်နေ
လိုက်သည်အန်တီရွက်ဝါကတော့ ခုံလေးပေါ်မှာ တွေတွေ
လေးထိုင်ကာ ပါးစပ်ကလှုပ်နေသည်မို့ ဘုရားစာ
ရွတ်နေသည်ထင်သည်သူလဲ တကိုယ်လုံးထူပူနေပြီး အခန်းရှေ့တွင်သာ
ခေါက်တုန့်ခေါက်ပြန် လျှောက်နေမိသည်
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...