ရှင်းသန့် နာရီကို ကြည့်လိုက်တော့ ကျောင်းတောင်
ပြန်တက်တော့မည်ကျောင်းလွှတ်ထဲက ထမင်းမြန်မြန်စားပြီး စာပဲထိုင်လုပ်ခဲ့တာ အိမ်စာများပင် အတော်ပြီးသွားပြီ
ငယ်ငယ်ထဲက မိဘများကွဲသွားပြီးသည့်နောက် သူ
၏ အမေဖြစ်သူမှာသူ့ကို သူ၏ အမဖြစ်သူ ဒေါ်လေး
မေမေတင် နှင့်သာ ထားခဲ့ပြီး ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်လေးငါးနှစ် လောက်မှ တစ်ကြိမ်လောက်ပေါ်လာပြီး
မုန့်ဖိုးဆိုသော ပိုက်ဆံများပေးကာ အမေဟူသော
ဂုဏ်ပုဒ်ကို သုံးနေသူအား ရှင်းသန့် ဂရုမစိုက်သူ့ရင်ထဲတွင် မိဘများမှာ သေဆုံးသွားခဲ့ပြီဟုသာ
စိတ်ထဲ မှတ်ယူထားသည်ထို့ပြင် အိမ်ထောင်မပြုဘဲ သူငယ်စဉ်ကပင်
လိုလေသေးမရှိ စောင့်ရှောက်ပေးခဲ့သော ဒေါ်လေးမေ အားလဲ ကျေးဇူးတင်မိသည်ထို့ကြောင့် သူ့ဘ၀တွင် ငယ်စဉ်ကပင် စာကိုသာကြိုးစားခဲ့သည်
ဆရာ၀န် တစ်ယောက်ဖြစ်မှ ဒေါ်လေးမေအား ပြန်ကျေးဇူးဆပ်တော့မည်ဟု တေးမှတ်ထားခဲ့သည်
ထို့ကြောင့်လဲ ဆယ်တန်းသို့ ရောက်သောအခါ စာကိုပို၍ ကြိုးစားမိသည်
ဤ ဘ၀တစ်ဆစ်ချိုးဟူသော ဆယ်တန်းကြီးကို အမှတ် ကောင်းကောင်းရမှသာ သူရည်မှန်းထားသော
ဆေးတက္ကသိုလ်သို့ တက်ခွင့်ရမည် ဖြစ်ပေသည်သူ့ခေါင်းထဲတွင် စာကလွဲ၍ မည်သည့်အရာမှ မရှိ
"တောင် တောင် တောင်"
"ဟဲ့ နင်တို့နှစ်ယောက် ဘယ်သွားနေတာလဲ"
အတန်းထဲသို့ ခပ်သုတ်သုတ်၀င်လာသော
ကျွန်တော်တို့ နှစ်ယောက်အား ဟိုငနာမလေး နှစ်
ယောက်မှ ဆီးကြိုမေးလိုက်ခြင်းဖြစ်သည်"ငါတို့ဟာ ငါတို့ ဘယ်သွားသွားပေါ့ နင်တို့ အပူပါ
လို့လား"
YOU ARE READING
Butterfly(Completed)
Fantasi💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...