"ငါရောက်နေပြီ နင်တို့မလာသေးဘူးလား"
"လာနေပါပြီဟ နင်ကလဲ ကားကြပ်နေလို့ပါ"
ရှင်းသန့် လ၀န်းတို့အလာကို စောင့်ရင်း အအေးမှာ
သောက်နေလိုက်သည်ခနနေတော့ ဆိုင်ထဲသို့ အဖြူ ရောင်ဂါ၀န် ဒူးဖုံးလေး
၀တ်ထားသော ကောင်မလေးတစ်ယောက်နှင့်
ရှပ်အကျႌလက်ရှည် style ဘောင်းဘီတို့ကို ကျကျ
နန ၀တ်စားထားသော ကောင်လေးတစ်ယောက်
အတူ၀င်လာကြသည်"ဟိတ် စောင့်နေရတာကြာသွားပြီလား"
လ၀န်းက ပြောပြီး သူ့ရှေ့ကခုံတွင်
နှစ်ယောက်သား ၀င်ထိုင်လိုက်ကြသည်"အင်း သိပ်တော့မကြာသေးပါဘူး"
"ဒါနဲ့ မိတ်ဆက်ပေးရဦးမယ် ဒါက ငါ့ကောင်လေး
ပန်းချီသွေးတဲ့ YIT ပထမနှစ်တက်နေတာဟ
သွေး ဒါက ငါ့သူငယ်ချင်း ရှင်းသန့်ကိုကိုတဲ့
ဆေးကျောင်း ပထမနှစ်တက်နေတာ
ငါထင်တာတော့ နင်တို့နှစ်ယောက်ကို အထူး
တလည်တော့ မိတ်ဆက်ပေးဖို့ လိုမယ်မထင်ဘူး"ဟုတ်ပါသည် ဒါကြောင့် စလာထဲက ကြည့်နေတာ
အဲ့တစ်ယောက်မျက်နှာကို မြင်ဖူးသလိုလိုပင်လ၀န်းမိတ်ဆက်ပေးတော့မှ မှတ်မိသွားသည်
ဆယ်တန်းတုန်းက ကျောင်းကို နှစ်၀က်
လောက်မှ ပြောင်းလာတဲ့တစ်ယောက်"ဟုတ်ကဲ့ တွေ့ရတာ၀မ်းသာပါတယ်"
အဲ့တစ်ယောက်က အရင်လာနှုတ်ဆက်ကာ
လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးသည်ကျွန်တော်လဲ အလိုက်သင့်လေးသာ ပြန်ပြုံးပြလိုက်သည်
အဲ့တစ်ယောက်လဲ ရှက်ရှက်နှင့် လက်ပြန်ရုတ်သွားသည်ထင်သည်
မတတ်နိုင် သူနဲ့မှ လက်ဆွဲမနှုတ်ဆက်ချင်တာ
အဲ့လို နှုတ်ဆက်ရလောက်တဲ့အထိလဲ အဲ့တစ်
ယောက်နှင့် မရင်းနှီးချင်
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...