Chapter-24

7.1K 392 6
                                    

"သားရှင်းသန့်​ ​ဒေါ်​လေး​​မေ သားနဲ့ပတ်​သတ်​ပြီး
ဘယ်​ကိစ္စကိုမှ မကန့်​ကွက်​ခဲ့ဖူးဘူး
ဒါ​ပေမယ့်​ ဒီကိစ္စကို​တော့....."

"ရပါတယ်​ ​ဒေါ်​လေး​မေ သားကို လွှတ်​ထား​ပေးပါ"

"​ဒေါ်​လေး​ပြောမယ်​ ​သေချာနား​ထောင်​သား
သားအခုလို လုပ်​​နေတာ​တွေက သားအကို​ကြောင့်
ဆိုရင်​​တော့ ရပ်​တန်းကရပ်​လိုက်​​စေချင်​တယ်​"

"ဟမ်​ ​ဒေါ်​လေး​မေ သိ​နေတာလား"

"​ဒေါ်​လေး​မေ ကို့တူအ​ကြောင်းကို ကိုယ်​သူတာ​ပေါ့
ကွယ်

မင်း အဲ့​ကောင်​​လေးနဲ့ အတူတူ​နေမယ်​ဆိုထဲက
ဒေါ်​လေးရိပ်​မိပါတယ်

ပထမ​တော့ မင်း​ယောက်ျား​လေးတစ်​​ယောက်​နဲ့
လက်​ထပ်​မယ်​ဆို​တော့ အံသြသွားရုံပါ

ဖြစ်​ပြီးတာ​တွေလဲ ဖြစ်​ပြီးပြီပဲသားရယ်
အာဃာတ​တွေထားမ​နေပါ​တော့"

"မရဘူး ​ဒေါ်​လေး​မေ ကျ​နော်​အဲ့အ​ကြောင်း​တွေ
ခုထိ မ​မေ့နိုင်​​သေးဘူး"

ဒေါ်​မေ​မေတင်​ သူ့တူအ​ကြောင်းကိုသူ အသိဆုံး~~

ငယ်​ငယ်​ထဲက တစ်​​ယောက်​ထဲ ကစား​ဖော်​မရှိဘဲ
အထီးကျန်​စွာ ကြီးပြင်းလာခဲ့ရတာ~~

ကျောင်းတက်​​တော့လည်း တစ်​​ယောက်​ထဲ​နေတတ်​တဲ့အကျင့်​​ကြောင့်​ အ​ပေါင်းအသင်းသိပ်​မရှိခဲ့~~

သိပ်​မရှိတာမဟုတ်​ဘူး လုံးဝကိုမရှိခဲ့တာ~~~

သူ့အ​နေနဲ့ ပတ်​၀န်းကျင်​ကို သိပ်​ဂရုစိုက်​တတ်
သူ​တော့မဟုတ်​~~~

ဒါ​ကြောင့်​လဲ အပျိုကြီးဘ၀နဲ့​တောင်​ ရှင်းသန့်​ကို
ဒီအရွယ်​ထိ ​စောင့်​​ရှောက်​နိုင်​ခဲ့တာ~~

ပတ်​၀န်းကျင်​ကိုသာ ဂရုစိုက်​ခဲ့မယ်​ဆိုရင်​ သူအခု
ဒေါ်​မေ​မေတင်​ ဆိုတဲ့​နေရာမှာရှိချင်​မှရှိ​နေမှာ~~

ဒီ​တော့ အခုဒီ​ယောက်ျား​လေးချင်းကြိုက်​တဲ့ကိစ္စမှာ
ပတ်​၀န်းကျင်​ကို ​ကြောက်​လို့လဲ
ပြော​နေရတာမဟုတ်​~~

Butterfly(Completed)Where stories live. Discover now