"ပြန်ရအောင် ညီမလေး"
"ဟာ ကိုသွေးက လဲ ဒီမှာကလို့ကောင်းနေတဲ့ဟာကို မပြန်ချင်သေးပါဘူး"
"အရမ်းနောက်ကျနေပြီ ပြန်ရအောင်နော်"
"ဟာကွာ ကိုသွေးတို့ကတော့ လုပ်ပြီ အေ့"
Club မှာ ကကောင်းနေတာမို့ မနည်းပြန်ခေါ်ခဲ့ရ
သည်ချဉ်စုတ်စုတ်နံ့ ကလည်း နှာခေါင်းထဲ စူးခနဲ
လူကိုကြည့်တော့လဲ ရွဲပလဲနေပြီ
ဒါတောင် ဒင်းက မပြန်ချင်ဘူးလုပ်နေသေးတယ်
ညဥ့်နက်နေတာတောင် အိမ်ပြန်မရောက်သေးတာမို့
လိုက်လာခဲ့တာ ထင်တဲ့အတိုင်းClub ထဲမှာ မူးပြီး ကွေးနေအောင်ကနေသော
သူ့အချစ်တော် ညီမလေး ဆူးခက်နွယ်မိဘတွေကွဲသွားပြီးထဲက ပန်းချီသွေး ကသာ
သူ့ ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်
ခဲ့ရသည်အဖေကလည်း သူတို့ကို ခေါ်ထားခဲ့တယ်ဆိုပေမဲ့
နောက်အိမ်ထောင်ပြုလိုက်သည်မိထွေးတို့ဆိုသည်မှာလည်း ထုံးစံအတိုင်း
သူတို့ကို ကြည်ဖြူ လှသည်မဟုတ်
မိထွေးနဲ့ နေရတယ်ဆိုပေမဲ့
ကျနော်တို့်  မောင်နှမ နှစ်ယောက်လုံးက ပုံပြင်တွေ
ဇာတ်လမ်းတွေထဲကလို အနှိပ်စက်ခံတွေတော့
မဟုတ်ပြောရရင် ကိုယ်တွေကသာ သူ့ကို ဖေ့ဖေ့ဆီမှာ
ကုန်းပြန်တိုက်ခဲ့သည်ကသာ များသည်မိထွေးဆိုပြီး အာဏာလာပြဖို့တော့ မစဉ်းစားနဲ့
သေသွားမယ် ရှင်သွားမယ် မသေမရှင် ဖြစ်သွားမယ်
ဘာတွေဖြစ်နေပါစေ ညီမလေးကိုတော့ အထိမခံနိုင်
တစ်ဦးထဲသော ညီမလေးမို့ ရင်နှင့်အမျှ ချစ်ခဲ့ရသည်
အရာရာ အလိုလိုက်ခဲ့သည်
မိဘတွေရဲ့ မေတ္တာမရခဲ့ပေမဲ့ အကိုကြီးအဖရာဆို
တဲ့အတိုင်း အရာရာသူကပဲ ဦးဆောင်ခဲ့သည်
YOU ARE READING
Butterfly(Completed)
Fantasía💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...