Part-11(Unicode)

2.8K 211 0
                                    

ထို​နေ့က ဆုလဲ့ကို ကျွန်​​တော်​နဲ့မြတ်​မင်​း
အာ​ပေါက်​​အောင်​ ​ပြောပြီး ပြန်​​ခေါ်ခဲ့ရသည်​
ဒါ​တောင်​မနည်​း ​ဖျောင်​းဖျ​​ပြောခဲ့ရသည်​

"အဲ့​ကောင်​မနဲ့ စာရင်​းသွားရှင်​းမယ်​"ဟုသာ ပါးစပ်​က
တတွတ်​တွတ်​ ​ပြော​နေ​သော​သော​ကြောင်​့
​နောက်​ဆုံး​တော့ စာ​မေးပွဲနှင်​့ကိုင်​​ပေါက်​ခဲ့ရသည်​
ဟုတ်​သည်​ နှစ်​၀က်​စာ​မေးပွဲမှာလည်​း မကြာခင်​​ဖြေ
​တော့မည်​ ဖြစ်​သည်​ ​ကျွန်​​တော်​့အ​နေနှင်​့လည်​း
ဆုလဲ့ကို စာ​မေးပွဲ မ​ဖြေခင်​ ပြသနာတစ်​စုံတစ်​ရာ
မဖြစ်​​စေလို​ပေ

***********

ကျွန်​​တော်​အခုတ​လော ကို့ကိုကိုယ်​
သတိထားမိသည်​

ကိုရှင်​းသန်​့ စာသင်​လျှင်​ စာကိုစိတ်​မ၀င်​စား
အကြည်​့​တွေက စာအုပ်​​ပေါ်ကိုမ​ရောက်​
ကိုရှင်​းသန်​့ မျက်​နှာ​ပေါ်ကိုသာ ​ရောက်​​ရောက်​
သွားတတ်​သည်​မို့ မနည်​းစိတ်​ကို ပြန်​စုစည်​းထား
ရသည်

တစ်​ခါတစ်​​လေ ကိုရှင်​းသန်​့နှင်​့ အကြည်​့
ခြင်​းဆုံသည်​့အခါ ရင်​ထဲတွင်​ ဗ​လောင်​ဆူကာ
သံစုံတီး၀ိုင်​းများက တီးခတ်​သွားသ​ယောင်​

ကျွန်​​တော်​ကိုယ်​တိုင်​လဲ ကို့ကိုယ်​ကို နားမလည်​

ကိုရှင်​းသန်​့ ကျွန်​​တော်​့ကိုဂရုစိုက်​​ပေးသည်​့အခါ
​ပျော်​မိသည်​

ကိုရှင်​းသန်​့နှင်​့ အတူတူ ရှိ​နေသည်​့အချိန်​ဆို သူအရာအားလုံးကို ​မေ့​နေတတ်​သည်​

ဒီခံစားချက်​ကြီးက်ို လွန်​ခဲ့​သော တစ်​ပတ်​​ကျော်​
​လောက်​ကမှ သိသိသာသာကြီး သတိထားမိခဲ့ခြင်​း
ဖြစ်​သည်​

ကျွန်​​တော်​ ကိုရှင်​းသန်​့အ​ပေါ် ဘယ်​လို သ​ဘောထားတာလဲဆိုတာကို ညတိုင်​း ကိုယ်​့ကိုကိုယ်​
ပြန်​​မေးမိသည်​

ဆရာတစ်​​ယောက်​အ​နေနဲ့ ခင်​တွယ်​မိတာလား......

အကိုတစ်​​ယောက်​အ​နေနဲ့ သံ​ယောဇဉ်​ ဖြစ်​မိတာလား......

ဒါမှမဟုတ်​.........

အဲ့လို ပြန်​ဆန်​းစစ်​တိုင်​လည်​း ​ခေါင်​း​တွေသာ ထူပူ
လာသည်​

Butterfly(Completed)Where stories live. Discover now