အဲ့ကောင်လေး ထွက်သွားတာနဲ့ ရေချိုးဖို့ပြင်လိုက်
သည်တစ်ညလုံးကားစီးလာတော့ ခန္ဓာကိုယ်က နေရာအနှံ ့ကိုက်ခဲနေသည်
သူ့ကိုပေးထားတဲ့ အခန်းကလည်း ကျယ်တော့ကျယ်
သားအခန်းအပြင်အဆင်မှာလည်း သပ်သပ်ရပ်ရပ်ပင်
အခန်းထဲတွင်လည်း ရေခဲသေတ္တာ TV အောက်စက်
Air-conditioner အားလုံးလိုလေသေးမရှိနှစ်ယောက်အိပ်ကုတင်ကြီးမှာလည်း သေချာသန့်
ရှင်းထားပုံရသည်ပြောမှာသာ ပြောရသည်
ဒီကောင်လေးတို့အိမ်က တော်တော်တော့ မိုက်သည်
ကျယ်၀န်းလှသော ခြံထဲတွင်ပန်းပင်များစိုက်ထား
သည်မှာလည်းအပြည့်ပန်းရနံ ့လေးများကလည်း လေအေ၀့ှမှာ
ထုံသင်းလျက်ဒီလိုခြံအကျယ်ကြီးထဲတွင် အိမ်ကြီးရခိုင်နှင့်နေနိုင်
သော အဲ့ကောင်လေးရဲ့ ဖွားဖွားကိုလည်း လေးစား
မိသည်ဒီကောင် အတင်းခေါ်ခဲ့လို့သာ
မဟုတ်ရင် သူ Hotel ပဲသွားဖြစ်မှာ ကျိန်းသေသည်
ရေကို အမြန်ချိုးလိုက်ပြီး အ၀တ်အစားလဲကာ အဲ့
ကောင်လေး လာအခေါ်ကို စောင့်နေလိုက်သည်နာရီကြည့်လိုက်တော့ ၉ နာရီ
ဗိုက်ကတော့ ဆာနေပြီ
~~ဒီကောင် ဘာလို့ ဒီလောက်ကြာနေရတာလဲ~~
စောင့်ရင်း ၉ နာရီပင် ခွဲနေပေပြီ
မတတ်နိုင်တော့ ဗိုက်ထဲက သံစုံတီး၀ိုင်းတွေနှင့်
ဆန္ဒပြနေကြပြီထပ်မစောင့်နိုင်တော့....
နောက်ဆုံး အဲ့ကောင်လေး အခန်းကိုသာ ထွက်လာခဲ့လိုက်သည်.....
************
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံကြားမှ ကျွန်တော်နိုးလာခဲ့သည်
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...