သူနိုးလာလာခြင်းတွေ့လိုက်ရတာက အဖြူ ရောင်
မျက်နှာကျက်ပြီးတော့ အဆက်မပြတ်လည်နေတဲ့ ပန်ကာတစ်ခု
"သားလေး နိုးလာပြီလား"
~~ဟင် မေမေ~~
သူဘေးဘက်ကိုကြည့်လိုက်တော့ သူ့ကိုစိုးရိမ်
တကြီးကြည့်နေတဲ့မေမေ"မေမေ အဟင့်ဟင့်"
သူမေမေ့ရင်ခွင်ထဲဝင်ကာ မေမေ့ကိုဖက်ထားလိုက်သည်
မေမေ့ကိုမြင်တော့ သူ့ စိတ်က၀မ်းနည်းလာမိပြန်သည်
"ဘာမှမကြောက်နဲ့ သားလေး မေမေရှိတယ်
မင်းမမဖြူ လဲရှိတယ် အခုဆရာဝန်နဲ့သွားတွေ့နေလို့
ပြီးရင် လာလိမ့်မယ်""မေမေ သားအခုဘယ်သူ့ကိုမှ မတွေ့ချင်သေးဘူး"
"ဟမ် ဘာလို့လဲသားရဲ့ မင်းမမက မင်းကိုအရမ်း
စိတ်ပူနေတာ"ဒေါ်ရွက်ဝါ သားမျက်နှာဖြူ ဖျော့ဖျော့လေးကို ကြည့်
ပြီး ရင်ထဲမကောင်း"အေးပါကွယ် သားလေးမတွေ့ချင်သေးရင်လဲ
မေမေ မင်းအမကို ပြောထားပေးပါ့မယ်"သူအခုချိန် ဘယ်သူ့ကိုမှ မတွေ့ချင်သေး
မျက်နှာချင်းမဆိုင်ရဲတာလို့ ပြောရင် ပိုမှန်လိမ့်မယ်
************
"ဒေါက်တာ ကျမမောင်လေး အခြေအနေ"
သူ့ရင်ထဲ ပူလောင်လှပြီ
အခုကိစ္စကလည်း သူရှိနေရင်း ဖြစ်သွားတဲ့ ကိစ္စ
"လူနာက အားအရမ်းနည်းနေတယ်
ပြီးတော့ နှလုံးလဲ တော်တော် shok ရသွားတယ်
ဆေးရုံကို အချိန်မှီရောက်လာလို့သာ နဲနဲလေးသာ
နောက်ကျသွားရင် ကျနော်တို့လဲ အာမ မခံနိုင်ဘူး
အခုတော့ ဘာပြသနာမှ မရှိတော့ပါဘူး
တစ်ခုပဲ လူနာကို အရမ်းစိတ်ခံစားရအောင်မလုပ်ပါနဲ့
ဒါက နှလုံးရောဂါသည်တွေအတွက် အရေးကြီးဆုံးပဲ
ရောဂါသာ ဒီထက်ပိုဆိုးလာရင် နှလုံးအစားထိုးရတဲ့
အဆင့်ကို ရောက်သွားလိမ့်မယ်
အဲ့ဒီအဆင့်ရောက်ရင်တော့ အာမခံဖို့ ခက်သွားလိမ့်
မယ်"
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...