"ကိုရှင်းသန့်! ဘယ်လိုဖြစ်နေတာလဲ!
ကားကိုဂရုစိုက်မောင်းလေ!
နှစ်ယောက်လုံး မာလကီးယား သွားချင်လို့လား!
ဖြစ်ပြီးတာတောင် မမှတ်သေးဘူး! ဟွန်း!"
ကားမောင်းရင် သူ့ခေါင်းကို လှမ်းလှမ်းဖွနေတဲ့ ကိုရှင်းသန့်~~~
နှစ်ယောက်သား ကားပါကင်မှာ ကားရပ်ပြီးတာနဲ့
Junction Square ထဲ၀င်လာခဲ့ကြသည်~~~မရောက်တာကြာပြီမို့ သူတွေ့သမျှအကုန် လိုက်ငေး
နေမိသည်~~~ဒီရောက်မှ အတိတ်ကအကြောင်းတွေကို ပြန်တွေးမိ
တော့ စိတ်ထဲ၀မ်းနည်းသလိုလို ဆွေးသလိုလို~~~သူ ကိုရှင်းသန့်နဲ့ မလ၀န်းကို အထင်လွဲခဲ့တုန်းက အချိန်လေးကို ပြန်သတိရကာ တစ်ချက်တော့ပြုံးလိုက်မိသည်~~~
"Baby ဘာတွေ အဲ့လောက်ပြုံးနေတာလဲ!"
ရုတ်တရက် သူ့ကိုမေးလိုက်တဲ့ ကိုရှင်းသန့်~~~
"ဟမ်! ဘာပြုံးပြုံးပေါ့! ခင်ဗျားအပူပါလို့လား! ဟွန်း!
လိုက်ပြီးစပ်စုနေတယ်!"
သူတို့ရှေ့က ဖြတ်သွားတဲ့ အတွဲလေးတွေကိုလဲ
လိုက်ငေးမိသည်~~~လက်လေးတွေတွဲထားလိုက်ကျတာမှ တကယ့်ကို
ကြည်နူးစရာ~~~တကယ်တော့ သူနဲ့ ကိုရှင်းသန့်က ချစ်သူလို့ပြော
လို့ရပေမဲ့ တခြား normal အတွဲတွေလို လုပ်ပိုင်
ခွင့်မရှိတာတွေမှ အများကြီး~~~သူတို့သာ လက်တွဲပီး လျှောက်သွားကြည့်ပါလား~~
နှာခေါင်းရှုပ်~~မျက်မှောင်ကြုတ်ပြီး ၀ိုင်းအုံကြည့်
ကြမဲ့ လူတွေရဲ့ မျက်လုံးတွေ~~~သူ တွေးမိပြီး ကိုရှင်းသန့်အတွက် စိတ်မကောင်းဖြစ်
မိသည်~~~သူ့ကြောင့်သာ ကိုရှင်းသန့်လဲ ဒီလိုဘ၀မျိုးရောက်ရတာ~~~😢😢😢😢
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...