"ကျမ သူ့ကိုပါးစပ်နဲ့ပဲခြိမ်းခြောက်ခိုင်းတာလေ!
လက်ပါခိုင်းလို့လား!!!!!
သူသာတစ်ခုခု ဖြစ်လို့ကတော့ရှင်တို့သေပြီသာမှတ်!
တောက်ခ်!"
ဖုန်းထဲမှာ ဒေါသတကြီးပြောနေတဲ့ ဆူးခက်နွယ်!
ထိုအချိန် နံရံအကွယ်မှ တစ်ယောက်သောသူ~~~
***********
"ရဲမာန်! နိုးလာပြီလား!"
သူပြောလိုက်တော့ အိပ်ရာကနေထထိုင်ပြီး သူ့ကို
လာပြေးဖက်တဲ့ ရဲမာန်!"အင့်~~ဟင့်~~ဟင့်"
"ဘာမှမဖြစ်ဘူး! ဘာမှမဖြစ်ဘူးနော်!
ငါတို့နင့်ဘေးနားမှာရှိတယ်!
မငိုနဲ့တော့! တိတ်တော့!"
သူအလိုက်သင့်လေး ကျောလေးကိုပြန်ပုတ်ပေးကာ
ပြောလိုက်သည်~~~မြတ်မင်းကတော့ ရဲမာန်စားဖို့ တစ်ခုခုသွားဝယ်သည်မို့ ပြန်မလာသေး~~~
ရဲမာန် အခန်းထဲမှာတော့ သူနဲ့ရွှေရည်ပဲ ကျန်ခဲ့သည်
မို့~~~ဒီနေ့ သူတို့သုံးယောက် ရဲမာန်ဆီလာဖို့တိုင်ပင်ထားကာမှ မြတ်မင်းကိုစောင့်နေရတာနဲ့ နည်းနည်း
နောက်ကျသွားသည်~~~တကယ်တော့ မနေ့ထဲက လာဖို့စီစဉ်ထားကာမှ ရဲမာန်
က night duty ရှိတယ်လို့ဆိုတာနဲ့ ဒီနေ့ကိုပဲ
ရွေးလိုက်ကြသည်~~~သူတို့ ရဲမာန် တိုက်ခန်းကိုရောက်တဲ့ အချိန်မှာတော့
အဖြစ်အပျက်တွေက သွေးပျက်ဖွယ်ရာ~~~တော်သေးတယ်လို့သာဆိုရမည်~~~အချိန်မှီလေးမို့သာ~~~
သူတို့သာ ဒီထက်နောက်ကျခဲ့ပါက~~~~
"ဆုလဲ့! သူ~~သူတို့ကော~ဟင်!"
မျက်ရည်လေးတွေဝိုင်းကာသူကိုခေါင်းလေးမော့
ပြီး မေးလာတဲ့ရဲမာန်~~~တကယ့်ကို ကလေးတစ်ယောက်က သူ့အမေကို
အားကိုးတကြီးမေးနေတဲ့ ပုံမျိုး~~~လက်ကောက်ဝတ်တွေ လက်မောင်းတွေမှာလည်း
အညိုအမဲအကွက်တွေကစွဲလျက်~~~~နဂိုထဲကဖြူ စွတ်နေတဲ့ အသားကြောင့် ပိုပြီးထင်းနေသည်~~~
သူ ရဲမာန်ကို ကြည့်ပြီး အလိုလိုဝမ်းနည်းလာ
သည်~~~မျက်ရည်တော့ ကျလို့မဖြစ်~~~အတတ်နိုင်ဆုံး
တော့သူထိန်းထားလိုက်သည်~~~ထိုအခိုက် သူကြားလိုက်တာက ရှိုက်သံတစ်ခု~~~
သူလှည့်ကြည့်လိုက်တော့ ရွှေရည်မဆီက~~~
သူ အမြန်ပဲ ရွှေရည်မက မျက်ရိတ်ပြလိုက်ရသည်~
အဲ့တော့မှ အခန်းထဲကနေ အပြင်ထွက်သွားတဲ့
ရွှေရည်~~~တကယ်ပါ~~~သူများတွေကတော့ သူတို့ကို over
တွေ လုပ်တယ်လို့ထင်ချင် ထင်ကြလိမ့်မည်~~~တကယ်တော့ ရဲမာန်က ယောက်ျားလေးဖြစ်ပေမဲ့
သူတို့အဖွဲ့ထဲမှာ အပျော့ဆုံး~~~မြတ်မင်းနဲ့တောင်မတူ~~~
ပျော့တယ်ဆိုပေမဲ့ ဟိုလိုနွဲ့တီးနွဲ့တဲ့ပုံစံကိုပြောတာမ
ဟုတ်~~~ကိုယ်နဲ့စိတ် ကြံ့ခိုင်မှု အားနည်းတာ~~~
နဂိုထဲကလဲ နှလုံးရောဂါသည်လေးမို့~~~
အခုလို သူတို့သူငယ်ချင်း ဒီလိုတွေဖြစ်နေတာ မြင်ရ
တော့ သူတို့စိတ်ထဲမှာ တကယ်ကို ၀မ်းနည်းမိသည်***********
"ကိုသွေး! အဟင့်! အဟင့်!"
သူ့ရှေ့မှာ ငိုနေတဲ့ သူသိပ်ချစ်ရတဲ့ ညီမလေး!
"ဟမ်! ဘာဖြစ်လို့လဲညီမလေး! ကိုသွေးကိုပြောလေ
ဘာဖြစ်လို့ငိုနေတာလဲ!"သူမေးလိုက်တော့ မျက်ရည်လေးတွေလဲ့နေတဲ့
မျက်လုံးလေးတွေနဲ့ သူ့ကိုမော့ကြည့်လာပြီး~~~"ညီမလေးကို အဲ့တစ်ယောက် လိုက်နှောက်ယှက်
နေတယ်ကိုသွေး! အီး~~ဟီး~~ဟီး!*************
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...