Part-37(Unicode)

2.8K 142 2
                                    

"မဖြစ်​နိုင်​ဘူး ရဲမာန်​!

ကိုရှင်​းသန်​့က နင်​့ကိုဘာကိစ္စဒီလိုလုပ်​မှာလဲ!"

သူ​ပြောလိုက်​​တော့ ဆုလဲ့က ခါးခါးသီးသီးငြင်​းသည်​

"ဟုတ်​တယ်​ ရဲမာန်​!

ငါလဲ ကိုရှင်​းသန်​့​တော့ မဖြစ်​နိုင်​ဘူးလို့ထင်​တယ်​!"

​ရွှေရည်​ကပါ ၀င်​​ပြောသည်​~~~

"ဒီမှာရဲမာန်​!

ငါတို့ fujoshi ​တွေမှာ six sense ဆိုတာရှိတယ်​ဟ!

ပြီး​တော့ ငါကြည်​့ဖူးတဲ့ bl ကား​တွေ ဖတ်​ဖူးတဲ့ fic
​တွေအတိုင်​းသာဆိုရင်​ နင်​့ကိုဒီလိုလုပ်​နိုင်​မယ်​့သူက
တစ်​​ယောက်​ပဲရှိတယ်​ ရဲမာန်​!

အဲဒါ ဆူးခက်​နွယ်​ပဲ!"

"မဖြစ်​နိုင်​တာ!

သူကဘာကိစ္စငါ့ကို ဒီလိုလုပ်​မှာလဲ!

နင်​ကြည်​့ဖူးဖတ်​ဖူးတာ​တွေကလဲ လက်​​တွေ့နဲ့တူချင်​မှတူမှာ​လေ!

ငါ့ကိုဖိအားမ​ပေးကျပါနဲ့​တော့ဟာ!"

သူဒီအတိုင်​း​လေးပဲ ကိုရှင်​းသန်​့ကို မုန်​းလိုက်​ချင်​ပြီ~

ထပ်​ပြီး နာကျင်​မှု​တွေ မခံစားချင်​​တော့~~~

"ငါ လွန်​ခဲ့တဲ့ ၇နှစ်​ကလဲ အရမ်​းကိုနာကျင်​ခံစားခဲ့ရ
ပြီးပြီ!

အခု​တော့ အဲ့လို​တွေ ထပ်​မဖြစ်​ချင်​​တော့ဘူး!

ငါလုံး၀လက်​လွှတ်​သင်​့ပြီ!"

"နင်​​ ​သေချာလား ရဲမာန်​!"

"..............."

ပါးတစ်​ဖက်​​ပေါ် စီးကျလာတဲ့မျက်​ရည်​စက်​​~~

************

"လင်​းရဲမာန်​! လင်​းရဲမာန်​!"

သူ​ခေါ်တာကို တစ်​ချက်​​လေး​တောင်​လှည်​့မကြည်​့ဘဲ
​ရှေ့ကသွား​နေတဲ့ အဲ့​ကောင်​​လေး~~~

သူအမြန်​​ပြေးသွားပြီး လက်​​ကောက်​၀တ်​ကို ဖမ်​းဆွဲ
လိုက်​သည်​~~~

"အား!"

သူလက်​ကို လှမ်း​ဆွဲလိုက်​​တော့ နာလို့ရုန်​းလိုက်​တဲ့အဲ့​ကောင်​​လေး~~~

Butterfly(Completed)Where stories live. Discover now