အသံလာရာ ကြည့်လိုက်တော့
အရပ်မြင့်မြင့် အကိုကြီးတစ်ယောက်
မှောင်နေတော့ မျက်နှာကိုတော့ သေချာမမြင်ရ
တဖြည်းဖြည်းနဲ့ သူတို့အနားရောက်လာသည်
အနားရောက်မှ ကြည့်လိုက်တော့
~~ဟမ် ကိုရှင်းသန့်~~
"မင်းတို့ ဘာလုပ်နေကြတာလဲ"
"ငါတို့ဘာသာ ဘာလုပ်လုပ် မင်းအပူပါလို့လားကွ
မဆိုင်ရင် ကိုယ့်လမ်းကိုသွား သူရဲကောင်းတော့
လာမလုပ်နဲ့ မင်းပါနာသွားမယ်""ဒါ ငါ့ညီ"
"ဘာ!!! ဟားဟား ကောင်းတာပေါ့ မင်းညီမှာ
တစ်ပြားမှမပါဘူးတဲ့ အဲ့တော့ သူ့အစား မင်းဘဲပေးလိုက်တော့""ကောင်းပြီလေ လင်းရဲမာန် သွားတော့"
"ဟမ်"
"သွားတော့လို့်  ပြောနေတယ်လေ"
"ဗျာဟုတ်~~ဟုတ်ကဲ့"
ထွက်လာထွက်လာရတယ် စိတ်ထဲကတော့
ကိုရှင်းသန့်ကို စိတ်ပူမိသည်သူရှိနေရင်လဲ သူက ဘာမှမတတ်နိုင်မည်မဟုတ်
ဟိုကတစ်ချက်ထိုးတာနဲ့ လဲသွားမှာ ကျိန်းသေ
လျှောက်လာရင်း လမ်းတစ်ဝက်လောက်ရောက်
တော့ အနောက်က ပြေးလိုက်လာသံကိုကြားလိုက်
ရသည်လှည့်ကြည့်လိုက်တော့ ကိုရှင်းသန့်
ကိုရှင်းသန့်နောက်မှာလည်း ဟိုသုံးကောင်က ကမူး
ရှူးထိုး ပြေးလိုက်လာကြသည်"လာ ပြေးမယ်"
"အမ်"
ကိုရှင်းသန့်က ရှေ့ကနေ လက်ဆွဲခေါ်ပြီး ပြေးသွား
သည်အမှောင်ထုကကြီးစိုးပြီး ပတ်ဝန်းကျင်ကတော့
တိတ်ဆိတ် ငြိမ်သက်လျက်ခန္ဓာကိုယ်တစ်ခုလုံးက လေအဟုန်နဲ့အတူ
ပေါ့ပါးလန်းဆန်းနေသည်
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...