"ဆရာ သားလေး အခြေအနေ"
"အခြေအနေက တအားကြီးလဲ မဆိုးသေးပါဘူး
ဆေးမှန်မှန်သောက်နေရင်တော့ သက်သာနိုင်ပါ
တယ်
တစ်ခုဘဲ စိတ်ပိုင်းဆိုင်ရာ ကိုတော့ဂရုစိုက်ပေးပါ
အခုလို နှလုံးရောဂါသည်တွေက စိတ်ခံစားလွယ်
ကြတယ်
စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရတာက ရောဂါကို
ပိုသည်းလာစေနိုင်လို့ပါ""ဟုတ်ကဲ့ပါ ဆရာ"
ဒီနေ့ မေမေနဲ့ ဆေးရုံမှာ နှလုံးနဲ့ ပတ်သတ်ပြီး
Medical Check လာလုပ်ကြခြင်းဖြစ်သည်ကြာလာတော့ နှစ်ရှည်လများ သောက်ရတဲ့ဆေးတွေကို မုန်းလာသည်
တစ်ခါတစ်လေ တခြားယောက်ျားလေးတွေလိုမျိုးလဲ
Strong ဖြစ်ချင်မိသည်အရာရာ ပျော့တိပျော့ဖတ်နိုင်လွန်းတဲ့ ကိုယ့်ကိုကိုယ်
လဲ စိတ်တိုင်းမကျအခုတလောလဲ နှလုံးက ပြန်ပြန်ပြီး အောင့်နေလို့
medical check လာပြန်လုပ်ကြခြင်း ဖြစ်သည်မေမေက ကားမောင်းရင်း ကျွန်တော့်ကို လှမ်းပြော
သည်"သား ဖြစ်ချင်တာတို့ လိုချင်တာတို့ ရှိရင် မေမေကို
ပြောနော် မေမေအတတ်နိုင်ဆုံး လုပ်ပေးမယ်နော်
ကြားလားသား"သူခေါင်းသာ ညိမ့်ြပလိုက်သည်
~~သားဖြစ်ချင်တာက မေမေ လုပ်ပေးဖို့မတတ်နိုင်
တဲ့ အရာဆိုရင်ရော မေမေ~~************
"ဟယ်လို မမဖြူ လားဟင်"
"အင်း ပြောလေ လင်းလေး မမဘာလုပ်ပေးရမလဲ"
"မမဖြူ . ဒီအပတ် တနင်္ဂနွေအားလားဟင်"
"မအားစရာလား လင်းလေးရဲ့ လင်းလေးအတွက်ဆို
မမက အားပြီးသား ပြော မမလာခေါ်ရဦးမှာလား
သူငယ်ချင်းတွေနဲ့ ချိန်းထားလို့လား""မချိန်းထားပါဘူးမမဖြူ ရဲ့ မမဖြူ ကို တိုင်ပင်စရာလေး ရှိလို့ပါ"
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...