မိုးကတော့ ဘယ်သူ့ကိုငြိုးလို့ရွာနေမှန်းကိုမသိ~~
တကယ့်ကိုသည်းသည်းမဲမဲ~~
သူကားကို ဂရုတစိုက်မောင်းလာခဲ့ရသည်~~~
မောင်းသာမောင်းနေရတာ~~အရှေ့ကိုသဲသဲကွဲကွဲမမြင်ရ~~~
တစ်ချက် နောက်ကကားပါလာမှန်းမသိဘဲ ရှေ့က
ကားကိုကျော်တက်ဖို့ လုပ်လိုက်သည်~~~"ကျွီ~~~~~"
သူအမြန်ပဲ ကားကိုဘရိတ်အုပ်လိုက်ရသည်~~~
နောက်ကကားလဲ သူ့နည်းတူ ဘရိတ်အုပ်မြန်လိုက်လို့သာ~~~
ကြည့်လိုက်တော့ အဲ့ကားထဲက တစ်ယောက်က
သူ့ဆီထီးနဲ့ဆင်းလာတာတွေ့လိုက်ရသည်~~ပြီးတော့ သူ့ကားမှန်ကို လက်နဲ့လာခေါက်သည်~~
ပါးစပ်ကလဲ တစ်ခုခုပြောနေပုံ~~~
မိုးရွာနေတဲ့ အသံကြောင့် သူဘာမှမကြားရ~~~
သူကားမှန်ကို ဖွင့်ပေးလိုက်မှ တွေ့လိုက်ရတာက
အကိုကြီးတစ်ယောက်~~~ရုပ်ကတော့ လူမိုက်ရုပ်လိုလို~~ဘာလိုလိုနဲ့~~
ပါးသိုင်းမွှေးတွေကလဲရှိသေး~~~
"မင်းကားကို ဘယ်လိုမောင်းနေတာလဲ! ဟမ်!
အခန့်မသင့်ရင် နှစ်ယောက်လုံးလျှောသွားနိုင်တယ်
ဆိုတာမသိဘူးလား!အိပ်ချင်ရင်လဲ အိမ်ပြန်အိပ်လိုက်တော့ ဟျောင့်!"
သူ့ကိုဒေါသမျက်လုံးတွေနဲ့ ပြောနေတဲ့ ထိုအကိုကြီး
~~~"Sorry ပါဗျ! ကျနော်တောင်းပန်ပါတယ်!
ကျနော် လူတစ်ယောက်ကြောင့် အရမ်းအရေးကြီး
နေလို့ပါ"သူတောင်းပန်လိုက်တော့မှ ကားဆီပြန်ပြန်ထွက်သွားသည်~~~
~~~မသိတော့ဘူးကွာ~~~
အခုသူ့စိတ်တွေက မိုးခြိမ်းရင်ကြောက်တတ်တဲ့ သူ့
အနှီကောင်လေးဆီမှာသာ~~~
YOU ARE READING
Butterfly(Completed)
Fantasía💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...