Part-18(Unicode)

2.4K 175 0
                                    

"ဒီက လင်​းရဲမာန်​လားမသိဘူး"

သူခန​တော့​ကြောင်​သွားသည်​

ပြီးမှ

"ဟုတ်​ပါတယ်​ခင်​ဗျ"

ကြည်​့လိုက်​​တော့ အကျႌလည်​ဟိုက်​နဲ့ စကပ်​တိုကို
၀တ်​ထား​သော ​ကောင်​မ​လေးတစ်​​ယောက်​

နားမှာလည်​း နားဆွဲ​တွေက တွဲလွဲကျ​နေ​သေးသည်​

ဆံပင်​​တွေက​တော့ ခါး​လောက်​ထိ ရှည်​လျား​ဖြောင်​့
စင်​း​နေကြသည်​

စီးထားတဲ့ pencil heel ကလည်​း မြင်​့မားတဲ့အရပ်​ကို ပိုမြင်​့​စေသ​ယောင်​

မိတ်​ကပ်​​တွေဖို့ နှုတ်​ခမ်​းနီ​တွေ ဆိုးထား​သော
မျက်​နှာမှာလည်​း မင်​းသမီးရံှုး​လောက်​သည်​

ပုံစံကိုကြည်​့လိုက်​တာနဲ့ အထက်​တန်​းလွှာထဲက
ဖြစ်​မယ်​ဆိုတာ ​ပြောစရာပင်​မလို

"တို့ကို မမှတ်​မိ​တော့ဘူးလား ရဲမာန်​ရဲ့
ဆူးခက်​နွယ်​​လေ
ရဲမာန်​တို့ ​ကျောင်​းကို ​ပြောင်​းလာတဲ့တစ်​​ယောက်​
​လေ"

~~ဟမ်​ ဆူးခက်​နွယ်​~~

​ကျောင်​းမှာထဲက ​ခေတ်​ဆန်​တတ်​တာကို သိ​သော်​လည်​း ဒီ​လောက်​ထိ​ပြောင်​းလဲသွားမယ်​လို့
မထင်​ခဲ့

​သေချာတာက​ မင်​းသမီးလုပ်​ရင်​​တော့
​အောင်​မြင်​နိုင်​သည်​

ဆူးခက်​နွယ်​ ဆိုထဲက ဟိုနှစ်​​ယောက်​က ရှူ းရှူ းရှဲရှဲ
ဖြစ်​ကုန်​ကြသည်​

ပြီးမှ နှစ်​​ယောက်​လုံး Toilet ဘက်​ထသွားတာ​
​တွေ့လိုက်​သည်​

ဆူးခက်​နွယ်​က​တော့ သူတို့ရှိမှန်​း​တောင်​သိရဲ့လား
မသိ

"ရဲမာန်​​ကော ရုပ်​ရှင်​ လာကြည်​့တာလား"

"အင်​း"

"တစ်​​ယောက်​ထဲလာတာလား"

"သူငယ်​ချင်​း​တွေနဲ့ လာတာပါ"

"​အော်​ တို့လဲသူငယ်​ချင်​း​တွေနဲ့ လာတာပဲ
သူတို့ မုန်​့သွား၀ယ်​​နေကြတာနဲ့ ​စောင်​့​နေတာ"

"​အော်​"

"ရဲမာန်​ ph no ​ပေး​လေ ​နောက်​တစ်​ခါကျရင်​
မုန်​့အတူတူသွားစားကြရ​အောင်​"

Butterfly(Completed)Where stories live. Discover now