Chapter-10

7.9K 460 0
                                    

"စာအုပ်​ ငှါး​ပေးတဲ့အတွက်​ ​ကျေးဇူးပဲ​နော်​!"

သူ​ပြောလိုက်​​တော့ ဆူးခက်​နွယ်​က ထိုင်​​နေရာမှထကာ စာအုပ်​​တွေကို လှမ်းယူလိုက်​သည်

"နင်​ ​နေ​ကောင်းသွားပြီလား"

"အင်း"

"​တော်​​သေးတာ​ပေါ့ မြန်​မြန်​ပြန်​​ကောင်းသွားလို့!

မဟုတ်​ရင်​ ငါ့မှာ စိတ်​ပူလိုက်​ရတာ!

နင်​သာတစ်​ခုခုဖြစ်​........"

"စိတ်​ပူ​ပေးတဲ့အတွက်​​ ​ကျေးဇူးပဲ!
ငါစာလုပ်​စရာ ရှိလို့သွားလိုက်​ဦးမယ်​​!"

သူဆူးခက်​နွယ်​​ရှေ့က မြန်​မြန်​ပဲထွက်​လာခဲ့လိုက်​သည်​~~

စားပွဲပြန်​​ရောက်​​တော့ ဆုလဲ့တို့က အဆင်​​ပြေခဲ့
လားဆိုသည့်​ မျက်​လုံးများဖြင့်​ ​မော့ကြည့်​​နေကြ
သည်​မို့ ​ခေါင်းတချက်​ပြန်​ညိမ့်​ပြကာ စားပွဲတွင်
ပြန်​ထိုင်​လိုက်​သည်​~~~

တကယ်​​တော့ ဆူးခက်​နွယ်​စာအုပ်​​တွေကို ဆုလဲ့
တို့က သူတို့ပဲ သွားပြန်​​ပေး ​ပေးမယ်​ဟု ​ပြော​သော်​လည်း ငြင်းခဲ့ခြင်းဖြစ်​သည်​~~

သူအဲ့​လောက်​​​တော့ လူမှု​ရေးမ​ခေါင်းပါးနိုင်​~~~

********

"သားရှင်းသန့်​ အန်​တီ့သား​လေးကို ဂရုစိုက်​​ပေးတဲ့
အတွက်​ ​ကျေးဇူးတင်​ပါတယ်​ကွယ်​"

"ရပါတယ်​အန်​တီ ကျွန်​​တော်​က သူ့ဆရာပဲ"

မေ​မေ နှင့်​ ကိုရှင်းသန့်​ ​ပြောသမျှကို ​လှေကားထိပ်​မှ
အကုန်​လုံး ကြား​နေရသည်​~~~

ထို့​နောက်​ အခန်းထဲကို အမြန်​၀င်​ကာ စာအုပ်​တစ်​အုပ်​ကို ​ကောက်​ဖတ်​​​နေလိုက်​သည်​~~~

ခနကြာ​တော့ ကိုရှင်းသန့်​ဝင်​လာသည်​~~~

ရှပ်​အင်္ကျီ လက်​ရှည်​အစင်း နှင့်​ ​ဘောင်းဘီအနက်
ရောင်​ အရှည်​ကို ၀တ်​ထားသည်​မှာ လုံးဝ Smart~

ဝင်​လာသည်​နှင့်​ စားပွဲ​ပေါ်သို့​ဘေးလွယ်​အိတ်​ကို
တင်​ပြီး စာသင်​ရန်​ပြင်​သည်​~~

Butterfly(Completed)Where stories live. Discover now