နေ့လည်ထမင်းစားလွှတ်ချိန်~~~
"ရွှေရည် နဲ့ဆုလဲ့ နင်တို့နှစ်ယောက် ကို ငါမေးစရာရှိတယ်ဟ"
"မေးမှာသာ မေးစမ်းပါ ရဲမာန်ရယ် စကားပုလ္လင်တွေ
ခံမနေစမ်းပါနဲ့""ဟိုလေ ဆယ်တန်း Bio(A)ခန်းက
ကိုရှင်းသန့်ကိုကို ကိုသိလား""ကို ရှင်းသန့်ကိုကို"
ရွှေရည် နှင့် ဆုလဲ့ တစ်ပြိုက်နက် အော်လိုက်မိကြသည်
"တိုးတိုး ပြောပါဟ ဘယ်လိုဖြစ်နေကြတာလဲ"
ဘေးနားတွင် အသီးသီးထမင်းစားနေကြတဲ့
ကျောင်းသားများပင် ကျွန်တော်တို့ဘက်ကို
ဝိုင်းကြည့်နေကြသည်မြတ်မင်းကတော့ ဆုလဲ့ ရှောက်သီးသုတ် စားချင်တယ် ဆို၍ ကျောင်းမုန့်ဈေးတန်းတွင် သွားဝယ်နေသည်မို့ ကျွန်တော်တို့ သုံးယောက်သာရှိလေသည်
"အံသြလို့ပါဟာ ကိုရှင်းသန့် ကို မသိဘူးဆိုတော့"
ရွှေရည်က ထမင်းစားရင်းပြောသည်~~
"အေးလေ နင်လို ကျောင်းသားသစ် တစ်ယောက်
ကတော့ ကိုရှင်းသန့်ကို သိချင်မှ သိမှာပေါ့"ဆုလဲ့ကပါ ဆရာမကြီးတစ်ယောက် လေသံဖြင့်~~
"အေးလေ မသိလို့ မေးနေတာကို"
"ပြောပြမှာပေါ့ဟ နင်ကလည်း ဘာတွေလောနေတာလဲ!
နေပါဦး နင်က ဘာလို့ ကိုရှင်းသန့်
အကြောင်းကိုသိချင်ရတာလဲ!"ရွှေရည့် အမေးကြောင့် ကျွန်တော်ဘာပြန်ပြောရမှန်းမသိ~~~
"ဘာရယ်တော့ မဟုတ်ဘူး အဲ့အကိုကြီးကို မနေ့က
တွေခဲ့လို့ သူ့နေပုံထိုင်ပုံက ထူးဆန်းလို့ ဒီတိုင်းမေး
ကြည့်တာပါဟ~~ဟီးဟီး!"မလိမ်တတ်ပဲ လိမ်လိုက်ရသည့် အတွက်
ကို့ကိုကိုယ်တော့ မလုံမလဲ~~"ဟင် နင်က သူ့ကိုတွေ့တယ်!
သူကမုန့်စားဆင်းချိန်တောင် အပြင်ထွက်တာမှ
မဟုတ်တာ!
YOU ARE READING
Butterfly(Completed)
Fantasia💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...