Chapter-14

7.7K 452 0
                                    

အဲ့​ကောင်​​လေး ထွက်​သွားတာနဲ့ ​ရေချိုးဖို့ပြင်​လိုက်
သည်

တစ်​ညလုံးကားစီးလာ​တော့ ခန္ဓာကိုယ်​က ​နေရာအနှံ့ ကိုက်​ခဲ​နေသည်

သူ့ကို​ပေးထားတဲ့ အခန်းကလည်း ကျယ်​​တော့​ကျယ်
သား

အခန်းအပြင်​အဆင်​မှာလည်း သပ်​သပ်​ရပ်​ရပ်​ပင်

အခန်းထဲတွင်​လည်း ​ရေခဲ​သေတ္တာ TV ​အောက်​စက်
Air-conditioner အားလုံးလို​လေ​သေးမရှိ

နှစ်​​ယောက်​အိပ်​ကုတင်​ကြီးမှာလည်း ​သေချာသန့်
ရှင်းထားပုံရသည်

ပြောမှာသာ ​ပြောရသည်

ဒီ​ကောင်​​လေးတို့အိမ်​က ​တော်​​တော်​​တော့ မိုက်​သည်

ကျယ်​၀န်းလှ​သော ခြံထဲတွင်​ပန်းပင်​များစိုက်​ထား
သည်​မှာလည်းအပြည့်

ပန်းရနံ့ ​လေးများကလည်း ​လေအ​ဝှေ့မှာ
ထုံသင်းလျက်

ဒီလိုခြံအကျယ်​ကြီးထဲတွင်​ အိမ်​ကြီးရခိုင်​နှင့်​​နေနိုင်
သော အဲ့​ကောင်​​လေးရဲ့ ဖွားဖွားကိုလည်း ​လေးစား
မိသည်

ဒီ​ကောင်​ ​အတင်း​ခေါ်ခဲ့လို့သာ

မဟုတ်​ရင်​ သူ Hotel ပဲသွားဖြစ်​မှာ ကျိန်း​သေသည်

ရေကို အမြန်​ချိုးလိုက်​ပြီး အ၀တ်​အစားလဲကာ အဲ့
ကောင်​​လေး လာအ​ခေါ်ကို ​စောင့်​​နေလိုက်​သည်

နာရီကြည့်​လိုက်​​တော့ ၉ နာရီ

ဗိုက်​က​တော့ ဆာ​နေပြီ

~~ဒီ​ကောင်​ ဘာလို့ ဒီ​လောက်​ကြာ​နေရတာလဲ~~

စောင့်​ရင်း ၉ နာရီပင်​ ခွဲ​နေ​ပေပြီ

မတတ်​နိုင်​​တော့ ဗိုက်​ထဲက သံစုံတီးဝိုင်း​တွေနှင့်
ဆန္ဒပြ​နေကြပြီ

ထပ်​မ​စောင့်​နိုင်​​တော့....

နောက်​ဆုံး အဲ့​ကောင်​​လေး အခန်းကိုသာ ထွက်​လာခဲ့လိုက်​သည်​.....

************

"​ဒေါက်​ ​ဒေါက်​ ​ဒေါက်​"

တံခါး​ခေါက်​သံကြားမှ ကျွန်​​တော်​နိုးလာခဲ့သည်

Butterfly(Completed)Where stories live. Discover now