Part-22(Unicode)

2.3K 161 0
                                    

သူနိုးလာလာခြင်​း​တွေ့လိုက်​ရတာက အဖြူ​ ​ရောင်​
မျက်​နှာကျက်​

ပြီး​တော့ အဆက်​မပြတ်လည်​​နေတဲ့ ပန်​ကာတစ်​ခု

"သား​လေး နိုးလာပြီလား"

~~ဟင်​ ​မေ​မေ~~

သူ​ဘေးဘက်ကိုကြည်​့လိုက်​​တော့ သူ့ကိုစိုးရိမ်​
တကြီးကြည်​့​နေတဲ့​မေ​မေ

"​မေ​မေ အဟင်​့ဟင်​့"

သူ​မေ​မေ့ရင်​ခွင်​ထဲ၀င်​ကာ ​မေ​မေ့ကိုဖက်​ထားလိုက်​သည်​

​မေ​မေ့ကိုမြင်​​တော့ သူ ့စိတ်​က၀မ်​းနည်​းလာမိပြန်​သည်​

"ဘာမှမ​ကြောက်​နဲ့ သား​လေး ​မေ​မေရှိတယ်​
မင်​းမမဖြူ လဲရှိတယ်​ အခုဆရာ၀န်​နဲ့သွား​တွေ့​နေလို့
ပြီးရင်​ လာလိမ်​့မယ်​"

"​မေ​မေ သားအခုဘယ်​သူ့ကိုမှ မ​တွေ့ချင်​​သေးဘူး"

"ဟမ်​ ဘာလို့လဲသားရဲ့ မင်​းမမက မင်​းကိုအရမ်​း
စိတ်​ပူ​နေတာ"

​ဒေါ်ရွက်​ဝါ သားမျက်​နှာ​ဖြူ ​ဖျော့​ဖျော့​လေးကို ကြည်​့
ပြီး ရင်​ထဲမ​ကောင်​း

"​အေးပါကွယ်​ သား​လေးမ​တွေ့ချင်​​သေးရင်​လဲ
​​မေ​မေ မင်​းအမကို ​ပြောထား​ပေးပါ့မယ်​"

သူအခုချိန်​ ဘယ်​သူ့ကိုမှ မ​တွေ့ချင်​​သေး

မျက်​နှာချင်​းမဆိုင်​ရဲတာလို့ ​ပြောရင်​ ပိုမှန်​လိမ်​့မယ်​

************

"​ဒေါက်​တာ ကျမ​မောင်​​လေး အ​ခြေအ​နေ​"

သူ့ရင်​ထဲ ပူ​လောင်​လှပြီ

အခုကိစ္စကလည်​း သူရှိ​နေရင်​း ဖြစ်​သွားတဲ့ ကိစ္စ

"လူနာက အား​အရမ်​းနည်​း​နေတယ်​
ပြီး​တော့ နှလုံးလဲ ​တော်​​တော်​ shok ရသွားတယ်​
​ဆေးရုံကို အချိန်​မှီ​ရောက်​လာလို့သာ နဲနဲ​လေးသာ
​နောက်​ကျသွားရင်​ ကျ​နော်​တို့လဲ အာမ မခံနိုင်​ဘူး
အခု​တော့ ဘာပြသနာမှ မရှိ​တော့ပါဘူး
တစ်​ခုပဲ လူနာကို အရမ်​းစိတ်​ခံစားရ​အောင်​မလုပ်​ပါနဲ့
ဒါက နှလုံး​ရောဂါသည်​​တွေအတွက်​ အ​ရေးကြီးဆုံးပဲ
​ရောဂါသာ ဒီထက်​ပိုဆိုးလာရင်​ နှလုံးအစားထိုးရတဲ့
အဆင်​့ကို ​ရောက်​သွားလိမ်​့မယ်​
အဲ့ဒီအဆင်​့​ရောက်​ရင်​​တော့ အာမခံဖို့ ခက်​သွားလိမ်​့
မယ်​"

Butterfly(Completed)Where stories live. Discover now