"ဝေး စာမေးပွဲပြီးပြီကွ"
လပတ်စာမေးပွဲလေး ပြီးတာကို အသံဗြဲနဲ့ အော်နေသော မင်းမြတ်ကို ကြည့် ၍ ရဲမာန်ပြုံးမိသည်
"မုန့်သွားစားရအောင်" ဟု ရွှေရည်နဲ့ဆုလဲ့
တို့် နှစ်ယောက်ပြိုင်တူ ပြောမိကြသည်"ကောင်းတရ်ဟ သွားရအောင် ရဲမာန်"
မင်းမြတ်ကပါ ကျွန်တော့်ကို မဲဆွယ်သည်"ငါလိုက်လို့ရမှာ မဟုတ်ပါဘူးကွာ ကျောင်းလွှတ်တာနဲ့ အိမ်က ကားလာကြိုမှာ"
"ဟမ် မင်းကလဲ တစ်ရက်တစ်လေ တောင်မရဘူးလား"
မေမေအကြောင်းကို သူသာလျှင် အသိဆုံးဖြစ်သည်
"ရမှာ မဟုတ်ပါဘူးကွာ"
သူမျက်နှာလေး ညိုးပြီးပြောလိုက်သည်"အေးပါကွာ ဟုတ်ပါပြီ ငါတို့လဲ မင်းမပါရင်
မသွားတော့ပါဘူးကွာ ဟုတ်ပြီလား""အေးဟယ် ဒါပေမဲ့ မနက်ဖန်တော့ ငါတို့ကို မုန့်ဈေးတန်းမှာ မုန့်ဝယ်ကျွေးရမယ်နော် ဘယ်လိုလဲ"
သူ အသာတကြည်ပင် ခေါင်းညိမ့်ပြလိုက်သည်
****************
"ဒါက ဒီနေ့မှ ဆရာမတို့ကျောင်းကိုပြောင်းလာတဲ့
ကျောင်းသားသစ်လေး ပန်ချီးသွေးတဲ့""အားလုံးပဲ မင်္ဂလာပါ ကျွန်တော့်နာမည် ပန်းချီသွေးပါ"
"မင်းတို့ သူငယ်ချင်း ကျောင်းသားသစ်လေးကို
ကူညီပေးလိုက်ကြဦးနော်""ဟုတ်ကဲ့ပါ ဆရာမ"
အတန်းပိုင်ဆရာမမှ ကျောင်းပြောင်းလာသော
ကျောင်းသားသစ်အား ကျောင်းသားများနှင့်မိတ်ဆက်ပေးနေခြင်းဖြစ်သည်ရှင်းသန့် စိတ်ထဲတွင်တော့ စာသင်နှစ်တစ်ဝက်ကျိုး
ခါနီးမှ ကျောင်းပြောင်းလာသော ပန်းချီသွေး ဆိုသော
သူကို နည်းနည်း အံသြမိသည်မျက်ခုံး မထူမပါး နှာတံမှာ ချွန်လှချည်းတော့မဟုတ်ပေ ဆံပင်မှာ ခပ်ပွပွ မျက်မှန်ကလဲ တပ်ထားသေး
သည် အသားမှာ ဖြူလှချည်းမဟုတ်ပေ အရပ်မှာလဲ
မိမိလောက်သာသာပင် မြင့်သည် ကြည့်ကောင်း
သောယောက်ျားလေး စာရင်းထဲတွင် ပါသည်ဟု
ရှင်းသန့် ကောက်ချက်ချမိသည်
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...