**********
Chapter-1
"တောင် တောင် တောင်"
"ကဲ မုန့်စားေကျာင်းလဲဆင်းပြီဆိုတော့ ဆရာမတို့ ဒီအပိုဒ်နားမှာပဲ ခဏရပ်ထားရအောင်"
"အော် မေ့တော့မလို့ လပတ်စာမေးပွဲက နောက်အပတ်ထဲမှာနော် ရက်တော့အတိအကျမသိသေးဘူး"
"စာတွေကျက်ထားကြတော့တော့နော်
ဆရာမတပည့်တွေကတော်ပြီးသားပါ""ကဲ ကဲ နှုတ်ဆက်ကြတော့"
"မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ"
မြန်မာဆရာမ ဒေါ်လှလှယဉ် ထွက်သွားသည်နှင့်တစ်ပြိုက်နက် ကျောင်းခန်းအတွင်းဆူညံသံများ စတင်ထွက်ပေါ်လာသည်။
ကျွန်တော်တို့ ကျောင်းမှာ တစ်နေကုန်ကျောင်းဖြစ်၍ မုန့်စားဆင်းချိန်မှာ နေ့လည် ၁၂နာရီမှ ၁နာရီ ထိ အချိန်တစ်နာရီရလေသည်။
ထို့ကြောင့် အချို့မှာ အိမ်တွင်ထမင်းပြန်စားရန် ထွက်သွားကြချေပြီ။
ထမင်းချိုင့်ပါသော ကျောင်းသားအနည်းငယ်သာ အခန်းထဲတွင် ကျန်ခဲ့လေသည်။
"ဟျောင့် ရဲမာန် မင်းစာတွေရနေပြီလား"
ထမင်းချိုင့်ပါသော သူနဲ့ သူ ့သူငယ်ချင်း မြတ်မင်းဟန်တို့ ထမင်းစားရင်း မြတ်မင်းဟန်မှ မေးလိုက်ခြင်းဖြစ်သည်။
"သိပ်မရသေးဘူးကွ မင်းကော"
"အတူတူပဲ ဟျောင့်ရေ ဘာဖြေရမှန်းကိုမသိသေးတာ"
"ဟာာား"
နှစ်ယောက်သားပြိုင်တူရယ်လိုက်မိကြသည်
တကယ်တော့ ကျွန်တော့နာမည်အရင်းက
"လင်းရဲမာန်"သူငယ်ချင်းတွေကတော့ ရဲမာန် ဟုသာ ခေါ်ကြသည်
အတန်းထဲတွင် စာအတော်ဆုံးမဟုတ်သော်လည်း
အညံ့စာရင်းထဲတွင်မပါ
အလယ်အလတ်ထဲပင်
YOU ARE READING
Butterfly(Completed)
Fantasía💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...