ဒီနေ့လဲ ထုံးစံအတိုင်း ကိုရှင်းသန့် ကျောင်းသွား
တော့ အိမ်မှာသူတစ်ယောက်ထဲတိုက်ခန်းကို ပြောင်းလာတာမှ တစ်ပတ်တောင်
မပြည့်သေး တကိုယ်လုံးလဲ ဒဏ်ရာတွေအပြည့်ရေနွေးပူလောင်ရတာနဲ့ လက်ရှရတာနဲ့ စုံလို့~~
ကိုရှင်းသန့် ကျောင်းသွားတာနဲ့ တိုက်ခန်းမှာ သူတစ်
ယောက်ထဲ~~~ဒါပေမယ့် သူ့မှာ ပျင်းချိန်တောင်မရှိ~~~
သူနဲ့ ကိုရှင်းသန့်၀တ်ထားသမျှအ၀တ်တွေကို လျှော်
ရသည်အ၀တ်လျှော်စက်ရှိလို့သာ တော်သေးတယ်လို့ပြောရမည်
ပြီးရင် အ၀တ်တွေလှန်း~~မီးပူတိုက်~~ကြမ်းတိုက်
စားထားသမျှပန်းကန်တွေဆေး~~ပြီးရင် ညနေစာအတွက် ချက်ဖို့ ပြင်ဆင်ရနဲ့ အမြဲအားရတယ်လို့ကိုမရှိ~~~
တော်သေးသည် နေ့လည်စာကတော့ ကိုရှင်းသန့်က
ကျောင်းမှာ စားခဲ့လို့သာ~~~သူကတော့ ဖြစ်သလိုသာ စားလိုက်သည်~~~
တကယ်တော့ သူဒီအလုပ်တွေကို တစ်ခါမှလုပ်ဖူးခဲ့
သူမဟုတ်~~~အိမ်မှာဆို မေမေတို့လုပ်ပေးတာကိုသာ အရန်သင့်
၀တ်ရုံစားရုံ~~~အ၀တ်လျှော်စက်ကလဲ လျှော်လို့သာရမည်~~
လှမ်းတာတို့ ညှစ်တာတို့က ကိုယ်တိုင်လုပ်မှသာ~~
အ၀တ်တွေညှစ်ရလွန်းလို့လဲ လက်ဖုဝါးနုနုလေးတွေက ပေါက်ပြဲကုန်သည်~~~
ဟင်းချက်ရင်း ဓားခနခနထိတာလဲ မနည်းတာ့~~~
ဟင်းချက်ဆိုလို့တော့ အထင်မကြီးလိုက်နဲ့~~~
ဘဲဥ နဲ့ ကြက်ဥကိုပဲ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်
မွှေကြော်လိုက် half by လုပ်လိုက်နဲ့ ဒီအဆင့်ကကို
မတက်သေး~~ဒီကြားထဲ ဆီတွေပေါက်ပြီး စင်လို့ လက်တွေ အပူ
လောင်တာလဲ မနဲတော့~~~
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...