Chapter-9

8.3K 487 3
                                    

မနက်​ခင်း​နေ​ရောင်​က မျက်​နှာ​ပေါ်ဖြာကျလာသည်

သူမျက်​လုံးကိုဖြည်းဖြည်းချင်းဖွင့်​ကြည့်​လိုက်​မိသည်

"မင်း နိုးလာပြီလား"

~~ဟမ်​ ကိုရှင်းသန့်​က ဘယ်​လို​ရောက်​​နေတာလဲဟ~~

"​ရော့ ဒီမှာ ဆန်​ပြုတ်​ ပူတုန်း​လေး​သောက်​လိုက်​!
ပြီးရင်​ ​ဆေး​သောက်​ရဦးမယ်​!"

သူလက်​​တွေ ကတုံကယင်​နှင့်​ ဆန်​ပြုတ်​ပန်းကန်​ကို
ယူဖို့ လက်​လှမ်းလိုက်​သည်

"​တော်​​တော့ ငါပဲ တိုက်​​တော့မယ်​!

မင်းလက်​​တွေအဲ့​လောက်​​တောင်​ တုန်​​နေ​ရ​အောင်​ ဘာလဲငါ အဆိပ်​ထည့်​ထားမှာ​ကြောက်​လို့လား 
ရော့!"

ကိုရှင်းသန့်​က ဆန်​ပြုတ်​ကို ခပ်​ကာ ပူ​နေ​သေး​သော
ကြောင့်​ မှုတ်​​ပေးပြီးမှ သူ့ကို ခွံ့ ​ပေးသည်

"က​လေး ထမင်းခွံ့ ​နေရသလိုပဲ"

"ဗျာ"

"ဘာမှ မဟုတ်​ဘူး ပြီးရင်​ ​ဆေး​သောက်​ရမယ်​လို့"

"အင်း"

"မင်း ဒီ​နေ့ ​ကျောင်းမသွားရင်​ မသွားနဲ့​တော့​လေ"

"အင်း"

"​အန်​တီက ဒီ​နေ့ပြန်​လာမှာ မလား"

"အင်း"

"မင်း ဘာဖြစ်​​နေတာလဲ တအင်းအင်းနဲ့"

"ဟို~~ဟိုဟွာ​လေ~~ကိုရှင်းသန့်​ ဘယ်​အချိန်​ထဲက
ကျွန်​​တော့်​ဆီ ​ရောက်​​နေတာလဲဟင်​"

သူည​နေက ကိုယ်​​တွေပူ​နေပြီး အိပ်​​ပျော်​သွားတာ​တော့သိသည်​~~

နောက်​​တော့ဘာဆက်​ဖြစ်​မှန်းမသိ​​တော့~~

ကိုရှင်းသန့်​ ဘယ်​အချိန်​​ရောက်​လာမှန်းလဲမသိ~~

"ညထဲက"

"ဟမ်​"

"ဟုတ်​တယ်​ ငါလာ​တော့ မင်းအဖျားတက်​​နေတာ​တွေ့တာနဲ့ ​မင်းကို​ရေပတ်​တိုက်​​ပေးပြီး ​စောင့်​ကြည်​​နေ
ရင်း ငါလဲအိပ်​​ပျော်​သွားတာ!

Butterfly(Completed)Where stories live. Discover now