Chapter-12

7.5K 503 4
                                    

"ငါ​ရောက်​​နေပြီ​ နင်​တို့မလာ​သေးဘူးလား"

"လာ​နေပါပြီဟ နင်​ကလဲ ကားကြပ်​​နေလို့ပါ"

ရှင်းသန့်​ လ၀န်းတို့အလာကို ​စောင့်​ရင်း အ​အေးမှာ
သောက်​​နေလိုက်​သည်

ခန​နေ​တော့ ဆိုင်​ထဲသို့ အဖြူ ​ရောင်​ဂါဝန်​ ဒူးဖုံး​လေး
ဝတ်​ထား​သော ​ကောင်​မ​လေးတစ်​​ယောက်​နှင့်
ရှပ်​အင်္ကျီလက်​ရှည်​ style ​ဘောင်းဘီတို့ကို ကျကျ
နန ၀တ်​စားထား​သော ​ကောင်​​လေးတစ်​​ယောက်
အတူဝင်​လာကြသည်

"ဟိတ်​ ​စောင့်​​နေရတာကြာသွားပြီလား"

လ၀န်းက ပြောပြီး သူ့​ရှေ့ကခုံတွင်
နှစ်​​ယောက်​သား ၀င်​ထိုင်​လိုက်​ကြသည်

"အင်း သိပ်​​တော့မကြာ​သေးပါ​ဘူး"

"ဒါနဲ့ မိတ်​ဆက်​​ပေးရဦးမယ်​ ဒါက ငါ့​ကောင်​​လေး
ပန်းချီ​သွေးတဲ့ YIT ပထမနှစ်​​တက်​​နေတာဟ
သွေး ဒါက ငါ့သူငယ်​ချင်း ရှင်းသန့်​ကိုကိုတဲ့
ဆေး​ကျောင်း ပထမနှစ်​တက်​​နေတာ
ငါထင်​တာ​တော့ နင်​တို့နှစ်​​ယောက်​ကို အထူး
တလည်​​တော့ မိတ်​ဆက်​​ပေးဖို့ လိုမယ်​မထင်​ဘူး"

ဟုတ်​ပါသည်​ ဒါကြောင့်​ စလာထဲက ကြည့်​​နေတာ
အဲ့တစ်​​ယောက်​မျက်​နှာကို မြင်​ဖူးသလိုလိုပင်

လ၀န်းမိတ်​ဆက်​​ပေး​တော့မှ မှတ်​မိသွားသည်

ဆယ်​တန်းတုန်းက ​ကျောင်းကို နှစ်​၀က်
လောက်​မှ ​ပြောင်းလာတဲ့တစ်​​ယောက်

"ဟုတ်​ကဲ့ ​တွေ့ရတာဝမ်းသာပါတယ်​"

အဲ့တစ်​​ယောက်​က  အရင်​လာနှုတ်​ဆက်​ကာ
လက်​ဆွဲနှုတ်​ဆက်​ရန်​ လက်​ကမ်း​ပေးသည်

ကျွန်​​တော်​လဲ အလိုက်​သင့်​​လေးသာ ပြန်​ပြုံးပြလိုက်​သည်

အဲ့တစ်​​ယောက်​လဲ ရှက်​ရှက်​နှင့်​ လက်​ပြန်​ရုတ်​သွားသည်​ထင်​သည်

မတတ်​နိုင်​ သူနဲ့မှ လက်​ဆွဲမနှုတ်​ဆက်​ချင်​တာ

အဲ့လို နှုတ်​ဆက်​ရ​လောက်​တဲ့အထိလဲ အဲ့တစ်
ယောက်​နှင့်​ မရင်းနှီးချင်

Butterfly(Completed)Where stories live. Discover now