"သား ရဲမာန် သားအတွက် မေမေ Guideဆရာ
တစ်ယောက် ရှာထားပေးတယ်"စာလုပ်နေသော သူ့အခန်းထဲသို့ မေမေ၀င်လာကာ
ဖျော်လာသော သံပုရာရည်ခွက်ကို လှမ်းပေးသည်တစ်ငုံလောက် သောက်ပြီးမှ
"မေမေရယ် Guide တွေဘာတွေ မလိုပါဘူး သားလဲ စာအဲ့လောက်မညံ့ပါဘူး"
"မေမေသိပါတယ်ကွယ် ဒါပေမဲ့ ဆယ်တန်းဆိုတာက တခြားအတန်းတွေနဲ့ မတူဘူးလေ ကြိုးစားနိုင်မှ
တော်ကာကျမှာ ဒီစာမေးပွဲမှာ ထူးထူးချွန်ချွန်အောင်မှ သားရည်မှန်းချက်တွေ ရှေ့ဆက်ခွင့်ရှိမှာ
ဒါကြောင့်လည်း မေမေက......""ဟုတ်ပါပီ မေမေရယ် သား နားလည်ပါပြီ"
"ဒီကလေးကတော့လေ မေမေ့စကားတောင် မဆုံးသေးဘူး"
"ဟီး မေမေမောနေမှာဆိုးလို့"
"ဒါနဲ့ သားဆရာ မနက်ဖန်ည လာလိမ့်မယ်
လျှော့တော့မတွက်နဲ့နော် သားဆရာက
ဆေးကျောင်း ပထမနှစ် တက်နေတာ ကဲကဲ စာလုပ်
တော့ မေမေသွားတော့မယ်"မေမေ အခန်းထဲမှထွက် သွားသည်နှင့် ရဲမာန်သက်
ပြင်းချမိသည်~~ရည်မှန်းချက်တွေ ဖြစ်လာဖို့ ဒီတစ်နှစ်တော့ သည်းခံပြီးစာ ကြိုးစားရတော့မှာပဲလေ~~
***********
"သားရေ မင်းဆရာလာပြီ"
မေမေ့အသံကြားသည်နှင့် ဆင်းလာခဲ့လိုက်သည်
ရင်တော့နည်းနည်းတုန်နေ မိသည်
မေမေ ငှါးထားသော Guide မှာသူ့ကို အရမ်းအော်လေ မလား
အရမ်း ရိုက် အရမ်းဆူလေမလား
စိတ်ထဲက အမျိုးမျိုးတွေးလျက် ရင်တုန်ပန်းတုန်ဖြင့် အိမ်အောက်ရောက်လာခဲ့သည်"ဒါကတော့ အန်တီ့သားတော်မောင်ပဲ သားရှင်းသန့်ရေ သူ့ကို သားလက်ထဲအပ်ပါတယ်
သားရဲမာန် ဒါကတော့မင်းကို စာသင်ပေးမဲ့ မင်းဆရာပဲ"
YOU ARE READING
Butterfly(Completed)
Fantasy💕💕Butterflies are so beautiful, but they had many difficulties concerning with their life such as to form colourful and expanded wings.Moreover, they also pass egg,larvae,pupa and finally adult.But, at last, they own so beautiful life with colourf...