/1/

15.8K 577 15
                                    

မနက်စာစားရန်အဆင့်သင့်ဖြစ်နေကြသော်လည်း ထိုမနက်စာပြင်ဆင်ထားသောအရာကို မည်သူမှ မထိကျသေးပါ။ စားပွဲရှည်၏ ထိပ်ဆုံးတွင်ထိုင်နေသော အသက်ကြီးကြီးအမျိုးသမီးမှာ အလွန်ဒေါသထွက်နေသည့် ပုံစံဖြစ်နေသည်။ စားပွဲရှည်၏ ညာဘက်အခြမ်းတွင်ထိုင်နေသော အသက်ခပ်လတ်လတ်အရွယ်ရှိသော အမျိုးသားနှင့်အမျိုးသမီးမှာတော့ တစ်ခုခုကို စိတ်ပူနေသည့် အနေအထားနှင့်ရှိနေသည်။ စားပွဲရှည်၏ ဘယ်ဘက်အခြမ်းမှာ ရှိနေသော လူငယ်ကောင်လေးကတော့ သက်ပြင်းတွေသာချနေသည်။ထိုကောင်လေး၏ ဘေးခုံကတော့ နေရာလွတ်နေခဲ့သည်။ ထိုအခြေအနေများနှင့် ထမင်းစားခန်းမှာ အလွန်တိတ်ဆိတ်နေတော့သည်။

နောက်ထပ်အချိန် ဆယ်မိနစ်လောက်ကြာတော့မှ ကောင်မလေးတစ်ယောက်က ထမင်းစားခန်းထဲကို ကမန်းကတန်းဝင်လာကာ လွတ်နေသောထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ထိုကောင်မလေးသည် သူမ၏ အညိုရောင်ဆံနွယ်များကို ဖြန့်ချမထားဘဲ စုပြီးဆံထုံးထုံးထားတာကြောင့် သူမ၏ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးမှာ ပို၍ပေါ်လွင်ထင်ရှားနေသည်။ လှပဝိုင်းစက်တဲ့မျက်လုံးလေးတေကိုတော့ မျက်မှန်ဝိုင်းက ဖုံးကွယ်ထားသည်။ မျက်မှန်အောက်မှ သူမမျက်လုံးလေးတွေက စားပွဲရဲ့ ထိပ်ဆုံးမှာထိုင်နေတဲ့ အမျိုးသမီးဆီသို့ အသာလှမ်းကြည့်လိုက်သည်။

"ဘာလို့နောက်ကျတာလဲ ငယ်လေး အချိန်ကိုမလေးစားတာ ငါမကြိုက်ဘူးနော်"

"နောက်ကိုမဖြစ်စေရပါဘူး ဖွားထားရယ် ငယ့်ကိုခွင့်လွှတ်ပေးပါနော်"

ငယ်လေးဆိုတဲ့သူမက ဖွားထားဆိုတဲ့အမျိုးသမီးကို ပြာပြာသလဲတောင်းပန်ရင်း မျက်နှာချင်းဆိုင်မှာထိုင်နေသော အမျိုးသမီးကိုလည်း လှမ်းကြည့်ကာ ဝိုင်းပြောပေးဦးဆိုသည့်သဘောဖြင့် အကူအညီလှမ်းတောင်းလိုက်သည်။

"အမေ... သမီးငယ်လေးကလေ...."

"နင်ဝင်မပြောနဲ့ ဝတ်မှုန် ငါနင့်ကိုမေးနေတာမဟုတ်ဘူး နင့်သမီးကိုမေးနေတာ "

ဝတ်မှုန်ဆိုသောအမျိုးသမီးမှာ စကားကိုပင် ဆုံးအောင်မပြောလိုက်ရပါ။

" L "Where stories live. Discover now