"ကဲ ပါဗျာ ကျွန်တော်ပဲ ဆက်ပြီးရှင်းလိုက်ပါ့မယ်...."
"ရပါတယ်ဆိုကွာ..."
Ph Ring....
ဖန်ကွဲစကို သူရှင်းမယ်ငါရှင်းမယ် လုပ်နေကြရင်း ဟန်သီဟထွဋ်ဖုန်းမှ ဖုန်းဝင်လာသည်။
"အေး ပြောကွာ..."
"ဟန်ကြီး လေသံကလည်းကွာ လျော့ပါဦး ဒီမှာသတင်းကောင်းပြောမလို့ပါကွာ.."
ဘန်ကောက်မှာနေတဲ့ ဟန်သီဟထွဋ်ရဲ့ သူငယ်ချင်းအသိတွေထဲမှ ကျော်ထက်က ဖုန်းဆက်လာတာပင်ဖြစ်သည်။
"အေးပါ ကျော်ကြီးရာ ဘာသတင်းကောင်းလဲ မင်းမိန်းမယူတော့မလို့လား.."
"ဟား ဟား မယူသေးပါဘူးကွာ.. မင်း ဘန်ကောက်ရောက်နေတယ်ဆိုလို့ ငါမင်းအတွက် အလုပ်ပြောပေးထားတယ် မင်းကအိမ်ကဆင်းလာတာဆိုတော့ ရေ လိုမှာပေါ့..."
"ကျော်ကြီး မင်းတကယ်ပြောတာလား.."
ဟန် ခမျာတကယ်ကို အံ့သြဝမ်းသာဖြစ်သွားရသည်။ ဘယ်လောက်ပဲအခုချိန်မှာ လက်ထဲပိုက်ဆံများများရှိနေပါစေ ဘာအလုပ်မှမရှိရင် တစ်နေ့ကုန်သွားမှာပဲလေ ဒါကြောင့် ဟန် အလုပ်ရှာဖို့တောင် စဉ်းစားထားမိသည်။ အခုတော့ ရေကန်အသင့် ကြာကန်အသင့်ဆိုသလိုဖြစ်သွားတော့သည်။
"တကယ်ပါဆိုကွာ ငါကလိမ်မလား မင်းမနက်ဖြန်တောင် စဆင်းလို့ရပြီ.. ပြီးတော့ မင်းကောင်လေးနဲ့လည်း မိတ်ဆက်ပေးဦး. "
"အာ့တာက ဘာဆိုင်လို့လဲ မင်းနော်... ဟွန်း...."
စောနကပဲ ကျော်ထက်ကို ထိုင်ကန်တော့တော့မဲ့အနေအထားက အခုတော့ ဆွဲထိုးတော့မဲ့အနေအထားပင်ဖြစ်သွားတော့သည်။
"ဟန်ကြီးရာ မင်းအာ့လောက်သဝန်တိုတတ်မှန်း ငါမထင်ထားဘူးသိလား ဖုန်းထဲမှာမို့ အပြင်မှာဆို မင်း ငါ့ကိုထိုးနေလောက်ပြီမလား..."
"မင်း သိနေဖို့ပဲလိုတယ်.."
"အေးပါကွာ... ဒါပဲ ဟန်ကြီးရေ မနက်ငါလာခေါ်မယ်... "
ကျော်ထက် ဖုန်းချသွားတော့မှ ဟန် လည်း သွင့် အနားကို ချက်ချင်းရောက်လာသည်။
YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light