ခပ်စိမ်းစိမ်းအကြည့်တို့ဖြင့် ထပ်မံစူးစိုက်ကြည့်ကာ ကျွန်တော့်အနားကနေ ချာကနဲ လှည့်ထွက်သွားတဲ့ သွင့်ကို ကျွန်တော်ကငေးကြည့်နေမိသည်။ ကျွန်တော်မျက်ဝန်းအိမ်ထဲက မျက်ရည်တွေကိုတောင် ကျွန်တော်ဘယ်လိုမှ တားဆီးမထိန်းချုပ်နိုင်တော့ပါ။ သွင့် အကြည့်တွေကို ကျွန်တော်သိတယ်။ ကျွန်တော့်အပေါ် သူ့အကြည့်တွေက အေးစက်သွားတယ်။ သူ့အကြည့်တွေက အရင်လိုမနွေးထွေးတော့ဘူး။ သူ့အကြည့်တွေက ကျွန်တော်ကိုတစ်ကယ်မလိုအပ်တော့ကြောင်းပြောသွားနေသယောင်ပင်။ သူစိမ်းဆန်သွားတဲ့ သူ့အကြည့်တွေကို ကျွန်တော်မခံစားနိုင်ဘူး။
"ပြန်ရအောင် ဒယ်ဒီ... "
ပြတ်သားလွန်းတဲ့အသံဖြင့် ဒယ်ဒီကိုတောင်းဆိုတော့ ဒယ်ဒီကအခြေအနေကို သဘောပေါက်ဟန်ရတယ်နဲ့ တူပါတယ်။ ဒူးထောက်နေရာကနေ ထလာခဲ့တယ် ။ ကြာမြင့်စွာဒူးထောက်ထားတာကြောင့် မတ်တပ်သေချာမရပ်နိုင်သေးတဲ့ ဒယ်ဒီကို ကျွန်တော်ဆွဲထူတွဲပေးရင်း ထိုအိမ်ထဲကထွက်လာခဲ့ရာမှ ကျွန်တော်တို့တွေ တစ်ကယ်ဝေးသွားကြရပြီ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျောင်းကစားသောက်ဆိုင်တစ်ဆိုင်မှာ ကျွန်တော်နှင့်ရည်မွန် နေ့လည်စာစားပြီး ဆိုင်ထဲထွက်လာလာချင်းမှာ သွင့်ကိုတွေ့လိုက်ရတယ်။ အမြဲတမ်းအပေါင်းအသင်းမရှိ တစ်ယောက်ထဲ ကျွန်တော့်အနောက် တစ်ကောက်ကောက်လိုက်နေခဲ့တဲ့ ထိုကောင်လေးက အခုတော့ အပေါင်းအသင်းအဖွဲ့လိုက်နဲ့ ရယ်မောပျော်ရွှင်ကာ ကျွန်တော်အနားကနေ ဖြတ်သွားသည်မှာ သူနှင့် ကျွန်တော်က တစ်ခါမှ မသိကျွမ်းဖူးသည့် သူတွေအတိုင်းပင်ထင်ရသည်။ တစ်ကယ်ပဲ ကျွန်တော့်ကိုရွံမုန်းသွားပြီလား?
ကျွန်တော်ခြေလှမ်းတွေကို ရပ်ရင်း အနောက်ကိုပြန်လှည့်ကာ သွင်ဝင်သွားတဲ့ ဆိုင်ထဲကို အမြန်ပြေးလိုက်ဝင်ပြီး သွင့် ကိုလှမ်းကြည့်တော့ ကျွန်တော့်ကို ရှိတယ်လို့တောင်သူမထင်ပါ။ ကျွန်တော့်ကိုတောင် သူ့မျက်စိထဲ မြင်ရဲ့လားလို့ တွေးမိလိုက်သည်။ သူကတော့ သူ့သူငယ်ချင်းတွေနှင့်အတူ အသည်းအသန်ဂိမ်းဆော့ရင်း အလုပ်တွေရှုတ်လို့နေတယ်။ ကျွန်တော်ကသာ ကျွန်တော်တစ်ယောက်ထဲ ကမ္ဘာပျက်သလို ဖြစ်နေရသည်။ ကျွန်တော်ဆိုင်အပြင်ထွက်လာတော့ ကျွန်တော့်ကို မျက်စောင်းထိုးကာ အရှေ့ကနေ အရင်ထွက်သွားတဲ့ ရည်မွန်ကို လိုက်ချော့ဖို့ စိတ်ကူးရှိမနေပါ။ ကျွန်တော့်စိတ်တွေက သွင့်လက်ထဲက ဖုန်းကိုသွားဆွဲလုချင်နေတာ ။ အာ့ဂိမ်းကြောင့် မင်းငါ့ကိုတောင်မမြင်တော့ဘူးလားလို့ စိတ်တိုတိုနဲ့ အော်ပြီးဆူလိုက်ချင်တာ။ ဒါပေမဲ့ ကျွန်တော်တို့က ဘာမှမှမသက်ဆိုင်ကြတော့တာ။ နောက်ဆုံးတော့ ခဏလောက်ပဲ စိတ်သက်သာလို့ သက်သာငြားဆိုပြီး ဘီယာဆိုင်သို့ဦးတည်ကာသွားမိသည်။

YOU ARE READING
" L "
Romantikအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light