"Hello hello ငဇွဲ ငဇွဲ ဟာ ...... ဖုန်းကို ချသွားပြန်ပြီဟာ "
ဇွဲထက်သွင်သည် သူပြောချင်ရာပြောပြီးဖုန်းကို ချသွားလိုက်သည်။ သွန်းခက်နွယ်ဖုန်းထပ်ဆက်သော်လည်း ဖုန်းကိုစက်ပိတ်ထားလိုက်တော့ကြောင့် သွန်းခက်နွယ်လည်း လက်လျော့လိုက်ရတော့သည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"ရှား ရယ် နင့်မျက်နှာကလည်း ဘာဖြစ်နေတာလဲ ငါနဲ့ မတွေ့ချင်လို့လား? ""မဟုတ်ပါဘူး"
"မဟုတ်ဘူးသာပြောနေတာ နင့်ပုံစံကတစ်ခုခုကိုမကျေနပ်သလိုပဲ "
"ဟုတ်တယ် သွန်းခက်နွယ်ဆိုတဲ့ တစ်ယောက်ကို ငါတင်းနေတာဟာ"
"ဘယ်သူ့ကိုပြောနေတာလဲဟ"
ရှားသွယ်လင်းသည် ကျောင်းမှာ သွန်းခက်နွယ်နှင့် ပြသနာဖြစ်လာတာ အစအဆုံးကို သူငယ်ချင်းဖြစ်သူ နဒီကို ပြောပြလိုက်သည်။
"ဒါဆို အာ့ကောင်မလေးက နင့်ကိုဘလိုင်းကြီး ကြောသွားတာပေါ့ သူ့အကောင်က ဘယ်လောက်ချောနေလို့လဲ"
"နင့် crush လေ"
"ဘာ ဘာပြောတယ် ရှား ဒါဆိုနင်နဲ့ဝင်တိုက်မိတာ ငါ့ crush လေးပေါ့ သွားပါပြီဟာ သူ့မှာ ရည်းစားရှိနေတာပေါ့ ငါ့အသည်းတေတော့ ကွဲပါပြီ အမလေး အမေရယ် ရယ်"
"တော်ပါတော့ ဟာ ကိုယ့်ဘာသာ ညစ်ရတဲ့ကြားထဲ နင်ကတစ်မျိုး တော်ပြီ ငါအိမ်ပြန်တော့မယ်"
မျက်ရည်မထွက်ဘဲငိုနေသော သူငယ်ချင်းဖြစ်သူ နဒီကိုကြည့်ပြီး ရယ်ရမလိုငိုရမလို ဖြစ်နေတာနှင့် ရှားသွယ်လင်းလည်း ရှောင်ထွက်လာလိုက်တော့သည်။
ရှားသွယ်လင်းအိမ်ရောက်သည်နှင့် ရေမိုးချိုးအဝတ်အစားလဲပြီး အမေဖြစ်သူအတွက် ထမင်းခူးပေးပြီး သားအမိနှစ်ယောက် ထမင်းလက်စုံအတူစားနေကြသော်လည်း ကျောင်းမှာဖြစ်ခဲ့သည်ကို ပြန်တွေးမိတိုင်း တစ်နုပ်နုပ်နဲ့ ခံပြင်းနေတော့သည်။
"သမီးလေး ထမင်းစားလေ"
"သမီး ဗိုက်သိပ်မဆာလို့ ဒီလောက်နဲ့ပဲ တော်ပြီမေမေ"
"မေမေ့သမီးလေး ကျောင်းမှာဘာပြသနာရှိနေလဲ"
အဖေမရှိ ဆွေမျိုးသားချင်းတွေမရှိဘဲ မေမေကပဲ ရှာကျွေးပြုစုစောင့်ရှောက်လာလို့ ရှားသွယ်လင်းက အခုလိုနေထိုင်နေရတာပါ။ဒါကြောင့် မေမေကို ရှားသွယ်လင်း စိတ်ညစ်စရာတွေ ထပ်မပေးချင်တာကြောင့် အမြဲစိတ်ချမ်းသာအောင်ထားသည်။အခုလည်းအလကားသက်သက် မေမေ့ကို စိတ်ပူရအောင် မလုပ်ချင်တာ အမှန်ပင်။ဒါကြောင့် အတတ်နိုင်ဆုံးမျက်နှာကို ပြုံးကာ မေမေစိတ်ကျေနပ်အောင် ပြောရတော့သည်။

YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light