သွန်းခက်နွယ်တစ်ယောက် အမေဖြစ်သူကို လက်ဆွဲခေါ်လာပြီး နေဖြိုးထိုက်ဆီသို့သာ ဦးတည်သွားရသည်။ လောလောဆယ်အနေအထားအရ အားကိုးစရာဆိုလို့ ကိုဖြိုးတစ်ယောက်ပဲရှိလို့နေသည်။နေဖြိုးထိုက်အိမ်သို့ရောက်တော့ နေဖြိုးထိုက်ပဲရှိနေပြီး ဦးမင်းထက်အောင်က မရှိသေးပါ။ သွန်းခက်နွယ်လည်း နေဖြိုးထိုက်ကို အကျိုးအကြောင်းရှင်းပြပြီး ခဏနေခွင့်ပြုဖို့ အကူအညီတောင်းသည်။
"ငယ်လေးရယ် လိုလို့လားကွာ ငယ်လေးနဲ့ ဟန်ကြီးအမေက ကိုယ့်အမေပဲပေါ့ ဘာမှမတွေးနဲ့ အဆင်ပြေသလိုသာနေ.."
သွန်းခက်နွယ်ပြုံးကာခေါင်းညိတ်ပြသည်။
Message အသံကြောင့် ဖုန်းကို သွန်းခက်နွယ်ကြည့်လိုက်သည်။
သွန်း....ခဏလောက်တွေ့ရအောင် ။
ဆိုတဲ့ ရှားသွယ်လင်းဆီက message ဝင်လာတော့သွန်းလည်း ရှားနဲ့တွေ့ဖို့ ဆုံးဖြတ်လိုက်သည်။
"ကိုဖြိုး မာမီကိုစောင့်ရှောက်ပေးထားဦးနော် ငယ်အပြင်ခဏသွားဦးမယ်."
"ကိုဖြိုးလိုက်ခဲ့မယ်လေ ..."
"ရတယ် ကိုဖြိုး ငယ် ရှားနဲ့နှစ်ယောက်ထဲအေးဆေးတွေ့ချင်လို့.."
"အင်းပါ ဂရုစိုက်သွားနော်.. "
သွန်းခက်နွယ်လည်း ရှားဆီကို ဘယ်ကိုလာရမလဲဆိုတဲ့ စာပြန်ပို့ပြီး အိမ်ကထွက်လာခဲ့တော့သည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သွန်းခက်နွယ်အိမ်ကထွက်သွားပြီး သိပ်မကြာဘူး ဦးမင်းထက်အောင်ပြန်ရောက်လာသည်။ သွန်းခက်နွယ်အမေ ဒေါ်ဝတ်မှုန်ဦးကို တွေ့လိုက်ရတော့ အံ့အားသင့်သွားသည်။ ကိုယ့်သားနဲ့ခင်နေတဲ့ ဟန်သီဟထွဋ်တို့ သွန်းခက်နွယ်တို့က ဘယ်သူ့သားသမီးတွေဆိုတာ သိနေပေမဲ့ အခုလိုမျက်နှာချင်းဆိုင်မတွေ့ဖြစ်တာ နှစ်အတော်ကြာနေပြီလေ။
ဒေါ်ဝတ်မှုန်ဦးကပိုလို့ပင်အံ့အားသင့်ရသည်။ အလွန်ဝေးကွာနေသောသူငယ်ချင်းကိုပြန်တွေ့လို့ ဝမ်းသာတာကတစ်ကြောင်း သူငယ်ချင်းတွေရဲ့ အထင်အမြင်လွဲမှားမှုကြောင့် စွန့်ပစ်ခံခဲ့ရတာတွေကို မြင်ယောင်လာပြီး မျက်ရည်တွေစီးကျလာတော့သည်။
YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light