/12/

4.8K 342 23
                                    

ဇွဲထက်သွင်သည် နေဖြိုးထိုက်နှင့်အတူ ရေခဲ့မုန့်ဆိုင်တွင် စကားတွေအကြာကြီးပြောပြီး အချိန်အတော်ကြာအောင် နေခဲ့ပြီးမှသာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ရောက်သောအခါ အချိန်က ညကိုးနာရီ လောက်တွင်ရှိနေသည်။ အိမ်ရှေ့ဖိနပ်ချွတ်သည့်နေရာတွင် ဖိနပ်ချွတ်နေတုန်းမှာပင်.....

"ဒါ မင်း ကျောင်းကပြန်လာရမဲ့အချိန်လား "

အိမ်တံခါးအဝမှာလာရပ်ပြီး ဇွဲထက်သွင်ကို ကြိုဆိုလိုက်တဲ့ ဖခင်ဖြစ်သူ၏ အသံမှာမညင်သာပါ။

"ကျွန်တော်အပြင်သွားနေလို့ပါ"

"မင်း အပြင်သွားရင်လည်း မိဘတွေကိုအကျိုးအကြောင်းပြောသွားပေါ့ ဖုန်းဆက်တော့လည်း စက်ကပိတ်ထားသေးတယ် မင်းလုပ်ပုံတွေ မဟုတ်သေးဘူးနော်"

ဖုန်းစက်ပိတ်ထားရတာ မမမေမီမုန်းကြောင့်လို့ ပြောချင်ပေမဲ့လည်း ပြောခွင့်မရှိတာကြောင့်..

"ကျွန်တော်ဖုန်းအားကုန်နေလို့ပါ"

"မင်းက ဆင်ခြေတွေချည်းပဲ မင်းအချိုးတွေပြင်ထားနော် အမဖြစ်သူကိုလည်း မလေးမစားဆက်ဆံတာတွေ ငါမကြိုက်ဘူး ငါလက်မပါချင်ဘူး မင်း သတိထားပြီးသာ နေ"

"ကျွန်တော် မမ့ကို ဘာမလေးမစားလုပ်လို့လဲ"

"မင်းကိုအိမ်ပြန်ဖို့ ကောင်းကောင်းမွန်မွန်ပြောတာကို မင်းက ကျွန်တော်ဘာသာသွားချင်တဲ့နေရာသွားမယ် လာမပြောနဲ့ ဆိုပြီး စောင့်တွန်းလာခဲ့တာလေ မင်းလုပ်တာ မင်းမသိဘူးလား"

ဇွဲထက်သွင် ကောင်းကောင်းကြီးသဘောပေါက်လိုက်ပါပြီ။ မေမီမုန်းရဲ့ လုပ်ကြံဇာတ်ကွက်တိုင်းက ဇွဲထက်သွင်ကို သားဆိုးတစ်ယောက်ဖြစ်စေပြီး ဒုက္ခရောက်စေဖို့ပဲဆိုတာ ဇွဲထက်သွင်သာ အသိဆုံးပါ ။ဘာမှရှင်းပြမနေချင်တော့တာကြောင့် ဘာစကားတစ်ခွန်းမှ ဖခင်ဖြစ်သူ ဦးပြည့်စုံဦးကို ပြန်မပြောတော့ဘဲ ကိုယ့်အခန်းသို့သာ တန်းဝင်လာခဲ့လိုက်တော့သည်။

အခန်းထဲဝင်လိုက်တော့ မီးမဖွင့်ရသေးတဲ့ ထိုအခန်းက မှောင်မည်းနေသည်။ မီးဖွင့်ပြီးလင်းနေတဲ့အခန်းထဲမနေချင်တာကြောင့် မီးလည်းမဖွင့်ဘဲ လွယ်အိတ်ကိုလည်း အပေါက်ဝမှာပစ်ချခဲ့ပြီး အခန်းရဲ့ထောင့်စွန်းနေရာလေးမှာ ထိုင်နေလိုက်တော့သည်။ ပြတင်းပေါက်မှ အိမ်အပြင်ဘက်ကို ငေးကြည့်တဲ့အခါ ကောင်းကင်ကြီးကပါ မဲမှောင်နေသည်။ တလတ်လတ်နဲ့ တောက်ပနေမဲ့ ကြယ်ဆိုတာ တစ်လုံးတောင်မတွေ့ရပါ။

" L "Where stories live. Discover now