အနီးစပ်ဆုံး minimarket တစ်ခုကိုသွားကာ ကန်တော့နဲ့စတော်ဘယ်ရီရေခဲမုန့်နှစ်ခုရယ် တစ်ရှူးရယ် ဝယ်လာခဲ့တော့သည်။
"ရော့ သွန်းတစ်ခုစား..."
ဆိုပြီးလှမ်းပေးတော့ သူယူပြီးစားလိုက်သည်။ တစ်နေ့လုံးငိုထားရလွန်းလို့ သူမဘယ်လောက်တောင်ပင်ပန်းနေမလဲ..။
"ရှား....ဟိုတံတားပေါ်ကို လမ်းလျှောက်ရအောင်..."
မြစ်ကိုဖြတ်ဖို့ဆောက်ထားတဲ့ ကားလမ်းတံတားကြီးကို လက်ညှိးထိုးကာ သူမပြောတော့ ရှားလည်း ခပ်ရေးရေးပြုံးပြကာ ခေါင်းညိတ်လိုက်ပြီး သွားရအောင်လေဟု ပြန်ပြောမိသည်။
ရေခဲမုန့်စားရင်း ထိုတံတားအပေါ်ကို သူမနှင့်အတူလျှောက်သွားရတာလည်း ရင်ထဲတစ်မျိုးကြည်နူးမိသည်။
တံတားအပေါ်မှာမောင်းနှင်နေသော ကားတွေမှာ အရှိန်ပြင်းလှသည်။ တံတားရဲ့ဘေးဘက်မှာတော့ လူသွားလမ်းလေးရှိနေကာ ထိုလူသွားလမ်းလေးမှာတော့ ကောင်မလေးနှစ်ယောက်အတူ လမ်းလျှောက်နေကာ မြစ် ရှိတဲ့ဘက်ကို ငေးကြည့်လာခဲ့သည်။ တံတားရဲ့ အလယ်တစ်ဝက်လောက်ရောက်တော့ သွန်းခက်နွယ်က ရပ်လိုက်သည်။
"ဒီနားလေးမှာ ခဏနေရအောင်နော်.."
"အင်း သွန်းနေချင်တယ်ဆို နေပါ..."
သွန်းခက်နွယ်ကတော့ တစ်ဖြည်းဖြည်းနဲ့ပျောက်ကွယ်တော့မဲ့ နေလုံးကြီးကို စိတ်ဝင်တစား ငေးကြည့်နေမိသည်။ ထိုကဲ့သို့ပင် သွန်းခက်နွယ်ကို လည်း ရှားက ငေးကြည့်နေမိသည်။
စတွေ့ထဲက ရှိုက်ကြီးတငင်ငိုခဲ့သောသူမ.. ။ သူမအိမ်ကပြသနာတွေ အကုန်ပြောပြလာခဲ့တော့.. ကိုယ်ရင်နာရတယ်..သူမ မိသားစုဝင်တွေကြောင့် နာကျင်နေတဲ့သူမစိတ်တွေကို ကုစားပေးချင်မိတယ်။
အမြဲတမ်းဆံထုံးထုံးထားတတ်တဲ့သူမ..ဒီနေ့တော့ သူမရဲ့ ဆံပင်တွေကို ဘာနဲ့မှချုပ်နှောင်စည်းထားခြင်းမရှိဘဲ လွတ်လပ်စွာဖြန့်ချထားတယ်။ လေတိုက်နေတာကြောင့် လေထဲလွင့်နေတဲ့ သူမဆံပင်အညိုရောင်လေးတွေ.....။ ဘေးတစ်စောင်းကြည့်နေတာမို့လို့ သူမရဲ့ မျက်မှန်အောက်က မျက်ဝန်းအရှေ့က မျက်တောင်လေးတွေကိုက အစ အသေးစိတ်ကြည့်နေမိသည်။

YOU ARE READING
" L "
Любовные романыအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light