ဟန်သီဟထွဋ်အလုပ်သွားဖို့ တက်ကြွစွာပြင်ဆင်နေတော့သည်။ သွင်ကတော့ အိပ်နေဆဲပင်။ မနေညနေထဲက စကားမပြောကြတာဆို ပိုမှန်မယ်။ ဟန်သီဟထွဋ်လည်း သွင် စားဖို့ ပါမုန့်ကြက်ဥကြော်နဲ့ကော်ဖီနဲ့ဖျော်ပေးခဲ့ပြီး မနက်စာစားဖြစ်အောင်စားပါ ဆိုပြီး ရေခဲသေတ္တာမှာ စာလေးပါ ကပ်ထားပေးခဲ့တော့သည်။
ကျော်ထက်လာခေါ်တော့ လိုက်သာသွားရတာ အိမ်မှာကျန်ခဲ့တဲ့ ထိုကောင်လေးနဲ့ ခဏတာလေးတောင် မခွဲချင်တာတော့ အမှန်ပင်။ အလုပ်ထဲရောက်တော့ အားလုံးအဆင်ပြေသည်။ နေ့လည်ပဲရှိသေးတယ် သွင့် ကို လွမ်းတဲ့စိတ်က စလာတော့သည်။ မနက်စာရောစားရဲ့လား နေ့လည်စာရော ဆိုပြီး စိတ်ပူလာကာ ဖုန်းဆက်မယ်လုပ်တော့...
"ဟန်ကြီးရေ ပထမဆုံးရက်မှာတင် အရမ်းခိုင်းတယ်မထင်ပါနဲ့ကွာ ငါ့ကိုဒီစာရင်းတွေဝိုင်းစစ်ပေးပါဦး ငွေ အရမ်းကွာနေလို့.."
အလုပ်ပိုင်ရှင်က ကျော်ထက်ရဲ့ဦးလေး မြန်မာလူမျိုးပင်ဖြစ်သည်။ အလုပ်ထဲမှာ ကိုယ့်လူမျိုးတွေပဲဆိုတော့ အစစအရာရာတော့ အဆင်ပြေနေတော့သည်။
"ရပါတယ် ကွာ..."
ဆိုပြီး ဟန် လည်း အလုပ်မှာသာအာရုံစိုက်ပြီး လုပ်နေလိုက်တော့သည်။ ဘယ်လောက်ပဲ သူငယ်ချင်းမျက်နှာကြောင့် အလုပ်အလွယ်တကူရပါစေ ကိုယ်တိုင်ကလည်း ကြိုးစားအားထုတ်ဖို့ လိုအပ်သည်မို့ အိမ်ကကောင်လေးကို လွမ်းတဲ့စိတ်ကို ခဏအောင့်ထားကာ စစ်ရမဲ့ စာရင်းတွေထဲ အာရုံစိုက်ထားမိတော့သည်။
ကုတင်ပေါ်တွင် ငုတ်တုတ်ထိုင်နေကာ အရှေ့တည့်တည့်မှာ ဖုန်းကို ချထားသည်။ ဘယ်အချိန်သူဖုန်းခေါ်မလဲ စာပို့မလဲဆိုပြီး ထိုဖုန်း screen မီးလင်းလာဖို့ကို ထိုင်စောင့်နေမိတော့သည်။
အင်းပေါ့...
အစထဲက ခင်ဗျားကစချစ်တာမှာမဟုတ်တာ...
ကျွန်တော်စချစ်တော့လည်း ပိုပင်ပန်းတာပေါ့...
ခင်ဗျားကတော့ အလုပ်သစ်မှာ အပေါင်းအသင်းအသစ်တွေနဲ့ ပျော်လို့....
ကျွန်တော်ကတော့ ခင်ဗျားကိုလွမ်းရင်း ငိုလို့.....°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဟန်သီဟထွဋ်လည်း အလုပ်ဆင်းပြီဆိုတာနဲ့ အသည်းအသန်ကိုအိမ်ကိုပြန်လာတော့တယ် ။ ကျော်ထက်ကိုတောင် နှုတ်မဆက်နိုင်ဘဲ အိမ်ကိုအမြန်ပြန်ရောက်ချင်သော စိတ်ကသာများနေတော့သည်။
YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light