ဆေးပုလင်းချိတ်ကာ ဒဏ်ရာဒဏ်ချက်တွေကို ပတ်တီးစည်းထားရင်း အိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့ သူ့ကိုကြည့်ပြီး သွင် ကတော့ မျက်ရည်တွေ တစ်ပေါက်ပြီးတစ်ပေါက်ကျလာကာ သူ့အနားလေးကိုသွားပြီး သူ့ကိုသေချာကြည့်နေမိသည်။
ဒီလိုပုံစံနဲ့သူ့ကိုမြင်ရတာ ကိုယ်ကိုယ်တိုင်က သူအက်စီးဒင့်ဖြစ်ခဲ့သလို့ နာကျင်သကဲ့သို့ ခံစားလာရတယ်။ ဖြစ်နိုင်ရင် ခင်ဗျားနေရာမှာ ကျွန်တော်သာ ဖြစ်လိုက်ပြီးအဆုံးသတ်ပျောက်ကွယ်သွားချင်မိတယ် ဆိုပြီး မိုက်ရူးရဲဆန်တဲ့ အတွေးမျိုးကိုတွေးတောမိနေရင်း ရင်ဘတ်ထဲကအောင့်တက်လာရတော့သည်။
"ကျွန်တော်လေ ခင်ဗျားကိုအခုလို ပုံစံမျိုးကြီးနဲ့ တွေ့ရတာ မကြိုက်ဘူးဗျာ အမြန်ဆုံး ထလာပါဗျာ....."
တိတ်ဆိတ်နေသောအခန်းထဲ ထိုကောင်လေးစတင်ဝင်ရောက်လာထဲက သူ့ခြေသံ သူ့အသက်ရှုသံကအစ ဂရုတစိုက်နားထောင်နေမိတယ် ။ကိုယ့်အနားကို နီးကပ်လာတာနဲ့အမျှ သူ့ဆီက ရှိုက်သံသဲ့သဲ့လေးကို ကြားလိုက်ရတော့ စိတ်ထဲဘဝင်မကျဖြစ်ရတယ်။ ငိုတာကို မကြိုက်ဘူးလို့ပြောထားရက်နဲ့ အငိုနဲ့ရောက်လာသော ထိုကောင်လေးကို ထွေးပွေ့ပြီး နှစ်သိမ့်ပေးချင်ပေမဲ့လည်း ခဏသည်းခံကာ နေနေရတယ်။
ထိုကောင်လေးဆီက စကားသံကို ကြားမိတော့ ဝမ်းသာလုံးစို့ရပြန်ပါပြီ။ သွင့်ရဲ့ စိတ်ပူမှုတွေ စိုးရိမ်စိတ်တွေကို အခုလိုသိရတာ အရမ်းကိုကျေနပ်မိနေသည်။ ငယ်လေးစီစဉ်ထားသလို ကြာကြာဟန်မဆောင်နိုင်တော့လို့ မျက်လုံးလေးအသာဖွင့်ကြည့်တော့ စိတ်ဓာတ်ကျနေတဲ့သူ အားမရှိတဲ့ သူတစ်ယောက်ကဲ့သို့ မတ်တပ်ရပ်နေကာ ခေါင်းလေးငုံ့ရင်း တစ်ရှုံ့ရှုံ့ငိုနေသော ထိုကောင်လေးရဲ့ ပုံစံကြောင့် ဟန်သီဟထွဋ်စိတ်ထဲမကောင်းဖြစ်သွားရသည်။
"ဘာလို့ အာ့လောက်ထိ ငိုနေတာလဲ ကွာ..."
"ခင်ဗျား သတိရလာပြီလား...."
ရုတ်တရက်အိပ်ယာထဲလှဲနေတဲ့သူက ထထိုင်ကာ စကားထပြောတာကိုတောင် အစထဲက ဘာမှမဖြစ်ထားတဲ့ လူတစ်ယောက်ပါလားဆိုပြီး မရိပ်မိသေးဘဲ စိုးရိမ်တကြီးမေးလာတဲ့ ထိုကောင်လေးကို အရင်ကထက်ကို ပိုချစ်လာမိသည်။
YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light